ဆီးရီးယား အစိုးရဌာနတွေနဲ့ အဓိက အဖွဲ့အစည်း ၁၆ ခုအပေါ် ပိတ်ဆို့ထားတာတွေကို ဂျပန် ထပ်မံရုပ်သိမ်း

ဆီးရီးယားနိုင်ငံမှာ အာဆတ်အစိုးရ ပြိုလဲသွားပြီးနောက် ဖြစ်ပေါ်တိုးတက်လာတဲ့ အခြေအနေတွေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားပြီး ဂျပန်အစိုးရဟာ ဆီးရီးယားအပေါ် ချမှတ်ထားတဲ့ ပိုင်ဆိုင်မှု ထိန်းချုပ်ပိတ်ဆို့မှုတွေကို ထပ်မံ လျှော့ချပေးလိုက်ပါတယ်။

ဂျပန်နိုင်ငံဟာ ၂၀၁၁ ခုနှစ်ကတည်းက အာဆတ်အစိုးရ လက်ထက် ဆီးရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ အာဆတ်အစိုးရ ပြိုလဲသွားခဲ့ပြီးတဲ့နောက် ၂၀၂၅ ခုနှစ် မေလတုန်းကလည်း ပိတ်ဆို့မှုအချို့ကို ပထမအကြိမ် စတင်ရုပ်သိမ်းပေးခဲ့ဖူးပါတယ်။

ခု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့မှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြောင်းကြားစာအရ အောက်ပါ အစိုးရဌာနနဲ့ အဖွဲ့အစည်း ၁၆ ခုကို ပိတ်ဆို့မှုစာရင်းထဲကနေ ထပ်မံ ပယ်ဖျက်ပေးလိုက်တာ ဖြစ်ပါတယ်။

စာရင်းမှ ပယ်ဖျက်လိုက်သည့် အဖွဲ့အစည်း ၁၆ ခု -

အစိုးရနှင့် လုံခြုံရေးဌာနများ - ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံရေး လုံခြုံရေး ညွှန်ကြားမှုဦးစီးဌာန

စွမ်းအင်နှင့် ရေနံကဏ္ဍ - ဆီးရီးယား ရေနံကုမ္ပဏီ (SPC)၊ ဆီးရီးယား ရေနံကုန်သွယ်ရေး ကုမ္ပဏီ (Sytrol)၊ အထွေထွေ ရေနံကော်ပိုရေးရှင်း (GPC)၊ ဆီးရီးယား ရေနံသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (SCOT)၊ မဟာရူးကတ် ရေနံထွက်ပစ္စည်း သိုလှောင်ရေးနှင့် ဖြန့်ဖြူးရေး ကုမ္ပဏီ

ဘဏ်နှင့် ဘဏ္ဍာရေးကဏ္ဍ - ဆီးရီးယား ကူးသန်းရောင်းဝယ်ရေးဘဏ်၊ အိမ်ခြံမြေဘဏ်၊ ဆီးရီးယား-လေ့ဘနွန် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ ဆီးရီးယား အပြည်ပြည်ဆိုင်ရာ အစ္စလာမ္မစ်ဘဏ် (SII

အခြား အဖွဲ့အစည်းများ - Syriatel ဆက်သွယ်ရေး၊ ရေဒီယိုနှင့် ရုပ်မြင်သံကြား အထွေထွေ အဖွဲ့အစည်း၊ စစ်ဘက်ဆိုင်ရာ အိမ်ရာဆောက်လုပ်ရေး အဖွဲ့အစည်း၊ ဝါဂွမ်း ကုန်သွယ်ရောင်းဝယ်ရေး အဖွဲ့အစည်း

ခုလို အစိတ်အပိုင်းလိုက် ထပ်မံ ရုပ်သိမ်းပေးလိုက်ပေမဲ့လည်း သမ္မတဟောင်း အယ်လ်အာဆတ်နဲ့ ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ် ၅၉ ဦးနဲ့ အဖွဲ့အစည်း ၁၅ ခုအပေါ် ပိတ်ဆို့ထားတာတွေကိုတော့ ဂျပန်အစိုးရက ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

image