မုန်တိုင်းတိုက်ခတ်မှုကြောင့် မော်လမြိုင်မြို့တွင် ပျ-က်စီးမှုများဖြစ်ပေါ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စက်တင်ဘာ ၂၈ ရက်မွန်းလွဲ ၂ နာရီခန့်မှစတင်ကာ မိုးရွာသွန်းပြီးမုန် တိုင်းတိုက်ခတ်မှုကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မုန်တိုင်းတို-က်ခတ်မှုကြောင့် မဟာမြိုင်ပရိယတ္တိစာသင်တိုက်(မော်လမြိုင်)ရှိ စေတီတော်တစ်ဆူ၏ ထီးတော်ကျိုးကျပျ-က်စီးခဲ့ပြီး သစ်ပင်များလည်းလဲကျခဲ့ကြောင်း သိရသည်။

ထို့ပြင် ငန်းတေး၊ မြေနီကုန်း၊ မဟာမြိုင်၊ သီရိမြိုင်၊ သရက်ကုန်း၊ ကြာအင်း၊ ကျွဲခြံကုန်း၊ စမ်းကြီး၊ သာယာအေးရပ်ကွက်များနှင့် ခရွမ်းရှမ်းရွာတို့တွင်လည်း သစ်ပင်ကြီးများလဲကျခြင်း၊ ဓာတ်ကြိုးများပြတ်ကျခြင်း၊ လမ်းပိတ်ဆို့ခြင်း၊ သစ်ပင်များနေအိမ်များပေါ်ပိမိခြင်း၊ နေအိမ်ပျ-က်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြည်နယ်မီးသတ်ဦးစီးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အချိန်နှင့်တစ်ပြေးညီ ကူညီမှုများပြုလုပ်နိုင်ရန် မုန်တိုင်းသတိပေးချက်ထုတ်ပြန်ခဲ့သည့်အချိန်မှစတင်၍ ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ဒေသခံလူမှုကူညီရေးအသင်းများက အသင့်စုဖွဲ့ပြင်ဆင်ထားသဖြင့် အချိန်နှင့်တစ်ပြေးညီ ကူညီမှုများပြုလုပ်ပေးလျက်ရှိနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

Photo-မဟာမြိုင်ကျောင်း/ကိုဘိုဘိုဝင်း

image