1 ရက် - ဘာသာပြန်ပါ။

အိုင်ယာလန်ထက် အစ္စရေးက ဆယ်ဆ ပိုသာတယ်လို့ ဆော်လမွန် တုံ့ပြန်

အစ္စရေးအသင်းခေါင်းဆောင် မာနော်ဆော်လမွန်က အိုင်ယာလန်နဲ့ Nations League ပွဲက ဖြစ်ရပ်များ ပေါ်ပေါက်လာပြီးနောက် မိခင်နိုင်ငံ အစ္စရေးက အိုင်ယာလန်ထက် ဆယ်ဆပိုသာတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

အိုင်ယာလန်အသင်းဟာ အစောပိုင်းက ယင်းပွဲမကစားဖို့အထိတောင် ဖိအားပေးခံခဲ့ရတာပါ။

ဒါပေမဲ့ နောက်ပိုင်းမှာ အိုင်ယာလန်အသင်းက ပွဲကစားဖို့ ဆုံးဖြတ်ခဲ့ပြီး ပွဲမစခင်မှာလည်း အစ္စရေးအသင်းကို ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အိုင်ယာလန်အသင်းက အစ္စရေးနိုင်ငံတော်သီချင်း သီဆိုချိန် ခေါင်းငိုက်စိုက်ချထားတာ၊ လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်တာ၊ လက်ပတ်အနက် ဝတ်ဆင်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းမှာ ကစားနေတဲ့ ဆော်လမွန်ကိုယ်တိုင်လည်း ပြိုင်ဘက်အသင်းခေါင်းဆောင် ဒါရာအိုရှေးရဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခံခဲ့ရပါတယ်။

''သူတို့ဟာ ပွဲအတွင်းမှာ ကျွန်တော်တို့ကို အဓိပ္ပာယ်မရှိတာတွေ ပြောခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ သူတို့အကြောင်း မပြောချင်ပါဘူး။ သူတို့အကြောင်း ကျွန်တော့်အတွေးကို ပြောလိုက်ရင် ပွဲအနည်းငယ်လောက် ပယ်ခံရနိုင်တာဖြစ်လို့
မပြောချင်ပါဘူး။ တကယ်တော့ သူတို့က ကျွန်တော်တို့ကို မုန်းတယ်။ ကျွန်တော်တို့လည်း သူတို့ကို မကြိုက်ပါဘူး။ နိုင်ငံတော်သီချင်းဆိုချိန်မှာ သူတို့ လုပ်ဆောင်ခဲ့တာနဲ့ပတ်သက်လို့ ကျွန်တော် စိတ်မဝင်စားပါဘူး။ ကျွန်တော်တို့မှာ
နိုင်ငံတစ်ခု ရှိပါတယ်။ ဒါက သူတို့ထက် ဆယ်ဆ ပိုသာပါတယ်။ နိုင်ငံအသင်းဂျာစီကို ဝတ်ဆင်ခွင့်ရပြီး အစ္စရေးနိုင်ငံသား ဖြစ်ရလို့ ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ တိုင်းပြည်နဲ့ စစ်သည်တော်တွေအတွက်လည်း ဂုဏ်ယူ
ပါတယ်။ ကျွန်တော်တို့ဟာ တိုင်းပြည်ကိုချစ်တဲ့ အစ္စရေးနိုင်ငံသားတွေပါ။ ပြီးတော့ ဒါက အမြဲတမ်းက ဒီအတိုင်း ရှိနေပါလိမ့်မယ်''လို့ ဆော်လမွန်က ပြောခဲ့ပါတယ်။

image