3 ပတ် - ဘာသာပြန်ပါ။

လာမယ့် ဇန်နဝါရီမှာ ဘာစီလိုနာ ကွင်းလယ်ကစားသမား အော်လ်မိုကို ခေါ်ယူရန် ဘိုင်ယန်မြူးနစ် စီစဉ်နေ

ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာအသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား အော်လ်မိုကို ခေါ်ယူရန်စီစဉ်နေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းနဲ့အတူ အောင်မြင်မှုရယူနိုင်ခဲ့တဲ့ အော်လ်မိုအနေနဲ့ ဘာစီလိုနာအသင်းမှာ ပွဲထွက်ကစားခွင့်နည်းပါးလာတာကြောင့် ဘိုင်ယန်မြူးနစ်က စိတ်ဝင်စားလာခြင်းဖြစ်ကြောင်း Sky Sports က ဖော်ပြခဲ့ပါတယ်။

မူစီယာလာ၊ အိုလီဆေးတို့လို ကြယ်ပွင့်ကစားသမားတွေကို ဥရောပတခြားထိပ်သီးအသင်းတွေက ကြိုးပမ်းနေတာကြောင့်လည်း ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ အော်လ်မိုကို ခေါ်ယူလိုနေတာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ အော်လ်မိုကို လိုက်ပ်ဇစ်မှာ ကစားစဉ်ကတည်းက ကြိုးပမ်းခဲ့ဖူးကြောင်းကိုလည်း ဂျာမန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ အော်လ်မိုအတွက် ဘာစီလိုနာအသင်းထံ ယူရိုသန်း(၇၀)ဝန်းကျင်နဲ့ စတင်ကမ်းလှမ်းမယ်လို့လည်း သိရပါတယ်။

လာမာစီယာအကယ်ဒမီထွက်ကစားသမားဖြစ်တဲ့ အော်လ်မိုဟာ အသက်(၁၆)နှစ်ဝန်းကျင်ကတည်းက ကတ်တလန်ကလပ်ကို စွန့်ခွာခဲ့သူဖြစ်ပြီး ၂၀၂၄ ခုနှစ်ရောက်မှ ဘာစီလိုနာအသင်းကို ပြန်လည်ရောက်ရှိခဲ့တာပါ။

အသက် (၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အော်လ်မိုအနေနဲ့ ပုံမှန်ပွဲထွက်ခွင့်အတွက် ဘာစီလိုနာအသင်းကို ထပ်မံစွန့်ခွာသွားနိုင်တယ်လို့လည်း ကျွမ်းကျင်သူတချို့က သုံးသပ်ခဲ့ကြပါတယ်။

Photos : X

image