FIFA အနေနဲ့ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်ဖို့ ဥရောပထိပ်တန်းလိဂ်များ တောင်းဆို

ပရီးမီးယားလိဂ်အပါအဝင် ဥရောပထိပ်တန်းလိဂ်များက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)အနေနဲ့ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်ဖို့ တောင်းဆိုခဲ့ပါတယ်။

FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုဟာ ခေါင်းပုံဖြတ်လိုတဲ့ စိတ်ကူးတွေကို တက်ကြွစွာအရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

အခုကြေညာချက်ကို ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေနဲ့ ဘွန်ဒစ်လီဂါတို့က ပူးတွဲထုတ်ပြန်ခဲ့တာဖြစ်တယ်။

FIFA အနေနဲ့ အတောမသတ်သော ချဲ့ထွင်မှုလုပ်ငန်းစဉ်တွေက လူတိုင်းအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာကို မိမိတို့ နားလည်လို့ အခု ထုတ်ဖော်ပြောဆိုရတာဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် FIFA ဟာ ပွင့်လင်းမြင်သာရှိမှု၊ ဓမ္မဓိဌာန်ကျမှု၊ သင့်တင်မျှတမှုနဲ့ အားလုံးပါဝင်ခွင့်ရမယ့် အဖွဲ့အစည်းတစ်ခုအဖြစ် အပြောင်းအလဲ ကြီးကြီးမားမားပြုလုပ်ဖို့ လိုအပ်နေပြီလို့ တိုက်တွန်းခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်ကလည်း ဥရောပထိပ်တန်းလိဂ်တွေဟာ ကစားသမားသမဂ္ဂ FIFPro နဲ့ ပူးပေါင်းပြီး နိုင်ငံတကာဘောလုံးပြက္ခဒိန် ချဲ့ထွင်မှုအတွက် ဥရောပကော်မရှင်ထံ တရားဝင်တိုင်ကြားချက် တင်သွင်းခဲ့ပါတယ်။

FIFA ကတော့ တချို့လိဂ်တွေဟာ သူတော်ကောင်းယောင်ဆောင်ပြီး ကမ္ဘာပေါ်ရှိ တခြားအရာများကို ထည့်သွင်းမစဉ်းစားဘဲ ပြုမူဆောင်ရွက်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

image