6 ပတ် - ဘာသာပြန်ပါ။

CI ဖြင့် ပြန်ဝင်လာသည့် မြန်မာနိုင်ငံသားများကို ရန်ကုန်လေဆိပ်တွင် UID ထုတ်ပေးနေ

Biographic နှင့် Biometric အချက်အလက်များ ကောက်ယူ၍ e-ID စနစ်ဖြင့် ဆောင်ရွက်ပေး

ပြည်ပနိုင်ငံများမှ သက်သေခံလက်မှတ် (Certificate of Identity-CI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို Biographic နှင့် Biometric အချက်အလက်များ ကောက်ယူ၍ e-ID စနစ်ဖြင့် UID နံပါတ် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်း ဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းက စက်တင်ဘာ ၂၅ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ကျောက်တံတားမြို့နယ်ရှိ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ မှတ်တမ်းဌာန (ရန်ကုန်) တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နိုင်ငံသားဆိုင်ရာ ကိုယ်ရေးမှတ်တမ်းအချက်အလက်များ ထိန်းသိမ်းထားရှိမှုနှင့် ဒီဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ကျောက်တံတားမြို့နယ်ဦးစီးမှူးရုံးတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး၊ ပျက်စီးသူများ၊ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများကို စိစစ်ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုခဲ့သည်။

ထို့ပြင် နိုင်ငံသားစိစစ်ရေးကတ် ရရှိပြီးသူများကိုလည်း e-ID စနစ်ဖြင့် UID နံပါတ် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

image