နယ်သာလန်နဲ့ပွဲမှာ ဂျာမနီအသင်းရဲ့ အာဆင်နယ်ကြယ်ပွင့်တိုက်စစ်ကစားသမား ဟာဗက်ဇ် ဒဏ်ရာရ
ဂျာမနီအသင်းရဲ့ အာဆင်နယ်ကြယ်ပွင့်တိုက်စစ်ကစားသမား ဟာဗက်ဇ်ဟာ မနေ့က ကစားတဲ့ နယ်သာလန်နဲ့ ပွဲမှာ ဒဏ်ရာပြဿနာ ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။
ဟာဗက်ဇ်အနေနဲ့ ဘောလုံးလက်ခံရရှိရန် ကြိုးပမ်းနေချိန်မှာ နယ်သာလန်ညာနောက်ခံလူ ဒမ်ဖရီးစ်ရဲ့ ကြမ်းတမ်းတဲ့ ကစားဟန်ကြောင့် ညာဘက်ဒူးဒဏ်ရာ ရရှိခဲ့တာပါ။
ဒါကြောင့် ပွဲချိန်မိနစ် (၃၀)မှာ ဖရန့်ဖတ်တိုက်စစ်ကစားသမား အက်နော်တယ်လစ်ဘ်နဲ့ ဟာဗက်ဇ် လူစားလဲခံခဲ့ရပါတယ်။
ဟာဗက်ဇ်ရဲ့ ဒူးဒဏ်ရာဟာ ပြင်းထန်နိုင်ပြီး ကာလအတော်တန်ကြာ အနားယူရဖွယ်ရှိကြောင်းလည်း ဥရောပမီဒီယာတွေက ခန့်မှန်းဖော်ပြခဲ့ကြပါတယ်။
ဒီသတင်းဟာ အာဆင်နယ်အသင်းအတွက်တော့ ထိုးနှက်ချက်ဖြစ်ခဲ့ပြီး နည်းပြ အာတီတာအတွက် ခေါင်းခဲစရာလည်း ဖြစ်လာပါတယ်။
ဟာဗက်ဇ်ဟာ ဒီရာသီမှာ အာဆင်နယ်ရဲ့ တိုက်စစ်ကို အဓိက ဦးဆောင်နေသူဖြစ်ပြီး လာမယ့်ပွဲစဉ်တွေအတွက် ဆွီဒင်တိုက်စစ်မှူး ယော်ကယ်ရက်စ်အနေနဲ့ ပြန်လည်ပွဲထွက်ဖွယ်ရှိနေပါတယ်။