အွန်လိုင်းငွေလိမ်ဂိုဏ်းတို-က်ဖျ-က်ရေး နိုင်ငံတကာကွန်ဖရင့် ကမ္ဘောဒီးယား၌ ကျင်းပမည်

အမေရိကန်နှင့် တရုတ်အပါအဝင် နိုင်ငံပေါင်း ၂၀ ခန့်မှ ကိုယ်စားလှယ်များ တက်ရောက်မည်

ဖနောင်ပင်၊ စက်တင်ဘာ ၂၃

အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နိုင်ငံတကာပူးပေါင်းတို-က်ဖျ-က်ရေးအတွက် အမေရိကန်နှင့် တရုတ်အပါအဝင် နိုင်ငံပေါင်း ၂၀ ခန့်မှ ကိုယ်စားလှယ်များ ပါဝင်မည့် နိုင်ငံတကာကွန်ဖရင့်တစ်ရပ်ကို ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နှစ်ရက်ကြာကျင်းပမည့် အဆိုပါကွန်ဖရင့်တွင် အမေရိကန် FBI မှ အဆင့်မြင့်အရာရှိတစ်ဦး၊ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် နိုင်ငံအသီးသီးမှ ဝန်ကြီးအဆင့်တာဝန်ရှိသူများ ပါဝင်တက်ရောက်မည်ဖြစ်သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် ဦးဆောင်ကျင်းပမည့် ဆွေးနွေးပွဲများတွင် ဒေါ်လာဘီလျံပေါင်းများစွာတန်ဖိုးရှိသည့် နယ်စပ်ဖြ-တ်ကျော် အွန်လိုင်းလိမ်လည်မှုများကို တို-က်ဖျ-က်ရာ၌ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး ဆွေးနွေးသွားမည်ဖြစ်သည်။

ကွန်ဖရင့်မတိုင်မီ ကမ္ဘောဒီးယားအာဏာပိုင်များက ယခုသီတင်းပတ်အတွင်း ပိ-တ်သိမ်းခဲ့သည့် အွန်လိုင်းငွေလိမ်ဂိုဏ်းဝင်းတစ်ခုကို ပြသခဲ့ပြီး ယင်းနေရာတွင် ငွေစက္ကူအတုများနှင့် ရဲစခန်းပုံစံ ဖန်တီးထားသည့် နေရာတစ်ခုကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အရှေ့တောင်အာရှဒေသတွင် အွန်လိုင်းလိမ်လည်မှုကွန်ရက်များ ပျံ့နှံ့နေပြီး အချို့နေရာများတွင် လူကုန်ကူးခံရသူများကိုပါ လိမ်လည်မှုလုပ်ငန်းများ၌ အတင်းအကျပ် လုပ်ကိုင်စေမှုများရှိကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက သတိပေးထားသည်။ ယင်းကွန်ရက်များသည် အွန်လိုင်းအချစ်ရေးလိမ်လည်မှုနှင့် Cryptocurrency ရင်းနှီးမြှုပ်နှံမှု အယောင်ဆောင်အစီအစဉ်များအပါအဝင် နည်းလမ်းမျိုးစုံဖြင့် လိမ်လည်လေ့ရှိကြောင်း သိရသည်။

ကမ္ဘောဒီးယားအစိုးရသည် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နှိမ်နင်းရေး ဆောင်ရွက်နေသော်လည်း လိမ်လည်မှုကွန်ရက်အချို့သည် ပိုမိုသေးငယ်၍ လူသိနည်းသည့်နေရာများသို့ ပြောင်းရွှေ့လုပ်ကိုင်လာကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြထားသည်။

image