FIFA ကို ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ အင်ဖန်တီနို အကြံညဏ်တောင်းခံ
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဥက္ကဋ္ဌ အင်ဖန်တီနိုက FIFA ကို ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ အကြံညဏ်တောင်းခံခဲ့ပါတယ်။
FIFA က FIFAကောင်စီအဖွဲ့ဝင်တွေနဲ့ နိုင်ငံဘောလုံးအဖွဲ့ချုပ်တွေထံ စာရေးသားပေးပို့ပြီး တောင်းဆိုခဲ့တာပါ။
ဒီအထဲမှာ ဖြစ်နိုင်ခြေရှိသော တိုးတက်ကောင်းမွန်တဲ့ အချက်တွေကို အကြံပြုဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
FIFA ကောင်စီအစည်းအဝေးကို အောက်တိုဘာလမှာ ကျင်းပမှာဖြစ်ပြီး ယင်းမတိုင်ခင် အင်ဖန်တီနိုက အခုလို စာပို့ခဲ့တာပါ။
ဒါ့အပြင် ၎င်းက FIFAရဲ့ဆုံးဖြတ်ချက်တွေ အားကောင်းဖို့ ဆွေးနွေးတိုင်ပင်မှု ပြုလုပ်ဖို့လည်း အကြံပြုခဲ့ပါတယ်။
UEFAနဲ့ CONCACAF အဖွဲ့အစည်းတွေက FIFA အနေနဲ့ အဖွဲ့ဝင်နိုင်ငံအားလုံးကို ဒေါ်လာ ၁၀ သန်းစီပေးဖို့ တောင်းဆိုအပြီးမှာ အင်ဖန်တီနိုက စာပေးပို့ခဲ့တာဖြစ်ပါတယ်။