3 ရက် - ဘာသာပြန်ပါ။

မောင်မောင်လွင်နဲ့ ဟိန်းဖြိုးဝင်း ၂၀၂၆ ဖီဖာအာဆီယံဖလားပြိုင်ပွဲကို လွဲချော်

မြန်မာ့လက်ရွေးစင်ကစားသမားများဖြစ်တဲ့ မောင်မောင်လွင်နဲ့ ဟိန်းဖြိုးဝင်းတို့ဟာ ဒူးဒဏ်များကို ခွဲစိတ်ကုသရမှာဖြစ်ပြီး ၂၀၂၆ ဖိဖာအာဆီယံဖလား Challenge Division ပြိုင်ပွဲကိုလလွဲချော်တော့မှာပါ။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)အနေနဲ့ မောင်မောင်လွင်နဲ့ ဟိန်းဖြိုးဝင်းတို့ နှစ်ဦးစလုံးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို စေလွှတ်ပြီး သူတို့ရဲ့ ဒူးဒဏ်ရာများကို ခွဲစိန်ကုသရန် စိစဥ်ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရပါတယ်။

အဲဒီကစားသမား နှစ်ဦးရဲ့ ဒူးဒဏ်ရာအတိမ်အနက်ကို လက်ရှိမှာ တပ်အပ်သေချာ မသိရှိရသေးပေမဲ့ မောင်မောင်လွင်ရဲ့ ပြောဆိုချက်အရ ရက်သတ္တပတ် (၆) ပတ်ခန့် အနားယူရဖွယ်ရှိနေပါတယ်။

ဒါကြောင့် အဲဒီကစားသမားနှစ်ဦးစလုံးဟာ စက်တင်ဘာ (၂၄) ရက်မှာ စတင်မယ့် ၂၀၂၆ ဖီဖာအာဆီယံဖလား Challenge Division ပြိုင်ပွဲကို လွဲချော်တော့မယ်လို့ သိရပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ ၂၀၂၆ ဖီဖာအာဆီယံဖလား Challenge Division ပြိုင်ပွဲ အုပ်စု (မှာ တီမော၊ ကမ္ဘောဒီးယားအသင်းတို့နဲ့ ကျရောက်နေပါသည်။

image