မိတ်ဖက်ကုမ္ပဏီ ၁၅ ခုနှင့် စပွန်ဆာစာချုပ်များ
MFF ချုပ်ဆို
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)သည် မိတ်ဖက်ကုမ္ပဏီ ၁၅ ခုနှင့် စပွန်ဆာစာချုပ်များ ချုပ်ဆိုခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel (Pathein Room)၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံး
အဖွဲ့ချုပ် နာယက ဒေါက်တာစိုင်းဆမ်ထွန်း၊ ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ စပွန်ဆာပံ့ပိုးပေးကြသည့် လုပ်ငန်းရှင်များ၊ အဖွဲ့ချုပ် အလုပ်အမှုဆောင်များ၊ မြန်မာ့လက်ရွေးစင် နည်းပြချုပ်နှင့်နည်းပြများ၊ ကစားသမားများ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း
သိရသည်။
MFF သည် Ayeyarwady Bank၊ Max Myanmar Construction၊ Novotel Yangon Max Hotel၊ Dong Luc Joint Stocks Co., Ltd (Jogarbola)၊ Royal D၊ Fresh၊ မန္တလာမင်း၊ မြတ်မေတ္တာမွန်၊ Shwe Nadi APP၊ Mercure Hotel၊ YPP၊ MMHT၊ Alpine၊ Forever Media Group စသော ကုမ္ပဏီများနှင့် စပွန်ဆာစာချုပ်များ ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
Ayeyarwady Bank က ကျပ်သိန်း ၃၀၀၀၀၊ Max Myanmar Construction က ငလျင်ကြောင့် ပျက်စီးသွားသော မန္တလေးအကယ်ဒီ ပြန်လည်တည်ဆောက်ခြင်းအတွက် ကျပ်သိန်း ၂၀၀၀၀နှင့် ညီမျှသော ဆောက်လုပ်ရေးကုန်ကျစရိတ်၊ Novotel Yangon Max Hotel က USD 90,000နှင့် ညီမျှသော ပံ့ပိုးကူညီမှု၊ Dong Luc Joint Stocks Co., Ltd (Jogarbola) က မြန်မာ့လက်ရွေးစင်အသင်းများ၏ အားကစားဝတ်စုံနှင့် Dong Luc အမှတ်တံဆိပ်
ဘောလုံးများ၊ Royal D က ကျပ်သိန်း ၅၀၀၀နှင့် အချိုရည်ကဒ် ၅၀၀၀၊ Fresh က ကျပ်သိန်း ၃၁၅၀၊ မန္တလာမင်းက ကျပ်သိန်း ၃၁၀၀နှင့်ညီမျှသော ပံ့ပိုးကူညီမှု၊ မြတ်မေတ္တာမွန်က ကျပ်သိန်း ၁၅၀၀၊ Shwe Nadi APPက ကျပ်သိန်း ၁၅၀၀၊ Mercure Hotelက ကျပ်သိန်း ၁၀၀၀နှင့် ညီမျှသော ပံ့ပိုးကူညီမှု၊ YPPက ကျပ်သိန်း ၁၀၀၀၊ MMHTက ကျပ်သိန်း ၈၀၀၊ Alpineက ရေသန့်ကဒ် ၁၀၀၀၀၊ Forever Media Groupက Broadcasting Partner အဖြစ်
ပံ့ပိုးပေးခဲ့ကြသည်။
ယင်းအခမ်းအနားတွင် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
MFF က မိတ်ဖက်ကုမ္ပဏီများကို မြန်မာ့လက်ရွေး
စင်အသင်းဂျာစီနှင့် နိုင်ငံ့လက်ရွေးစင်ဘောလုံးသမားများ လက်မှတ်ရေးထိုးထားသည့် ဘောလုံးများ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြောင်း
သိရသည်။