ယူကရိန်း ရှေ့နေချုပ် ကရပ်ဗ်ချန်ကို နိုင်ငံက ထွက်ပြေး

​ယူကရိန်း ရှေ့နေချုပ် ရူစလန် ကရပ်ဗ်ချန်ကို (Ruslan Kravchenko) ဟာ နိုင်ငံထဲကနေ ထွက်ခွာသွားပြီလို့ ယူကရိန်း ကာကွယ်ရေးအရာရှိဟောင်းရဲ့ အကြံပေး ဆာဂေး စတာနန်ကို (Sergey Sternenko) က ပြောပါတယ်။
​"တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေဆီက ရတဲ့ သတင်းအရ ရှေ့နေချုပ် ကရပ်ဗ်ချန်ကိုဟာ မနေ့ညက ယူကရိန်းကနေ ထွက်ပြေးသွားတာ ဖြစ်ပါတယ်" လို့ စတာနန်ကိုက သူရဲ့ Telegram ချန်နယ်မှာ ရေးထားပါတယ်။
​အဲ့ဒီမတိုင်ခင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး အေဂျင်စီတွေကို နှိမ်နင်းမှုတွေ ခပ်စိပ်စိပ်လုပ်လာချိန်မှာ ကရပ်ဗ်ချန်ကိုဟာ ရာထူးကနေ နုတ်ထွက်လွှာ တင်ခဲ့ပါတယ်။ တနင်္လာနေ့မနက်ပိုင်းက ထွက်ပေါ်လာတဲ့ သတင်းတွေအရ ကရပ်ဗ်ချန်ကိုဟာ ယူကရိန်း အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရို (NABU) ရဲ့ ဒါရို-က်တာ ဆာမျွန် ခရီဗိုနို့စ် (Semyon Krivonos) ကို ပြစ်မှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ တရားစွဲဆိုခဲ့ပြီး၊ အထူးအဂတိလိုက်စားမှုတို-က်ဖျ-က်ရေး အစိုးရရှေ့နေရုံး (SAPO) ဥက္ကဋ္ဌ အလက်ဇန်းဒါး ကလီမန်ကို (Alexander Klimenko) နဲ့အတူ ရာထူးကနေ နုတ်ထွက်ဖို့လည်း အကြံပြုခဲ့တယ်လို့ သိရပါတယ်။
​ကရပ်ဗ်ချန်ကိုဟာ ဒီအေဂျင်စီနှစ်ခုစလုံးမှာ ထိပ်တန်းရာထူးတွေ ရဖို့ ကြိုးစားခဲ့ဖူးပေမဲ့ မအောင်မြင်ခဲ့ဘူးလို့လည်း စတာနန်ကိုက ဆက်ပြောပါတယ်။ "အတိုချုပ်ပြောရရင်တော့ စိတ်ကောက်နေတဲ့ ကရပ်ဗ်ချန်ကိုဟာ တိုင်းပြည်မှာ နောက်ထပ် နိုင်ငံရေးအကျပ်အတည်းတစ်ခုကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်တာပါပဲ။ ကျုပ်တို့အတွက်တော့ အတော်လေး အလုပ်ရှုပ်မယ့် သီတင်းပတ်တစ်ပတ် လာတော့မယ်" လို့လည်း သူက ကောက်ချက်ချခဲ့ပါတယ်။
​ကရပ်ဗ်ချန်ကို ကိုယ်တိုင်ကလည်း တိုင်းပြည်ကနေ ထွက်ခွာသွားတာကို အတည်ပြုထားပါတယ်။ "ကျွန်တော် လက်ရှိမှာ နိုင်ငံခြားကို တာဝန်နဲ့ ခရီးထွက်နေတာပါ" လို့ သူရဲ့ Telegram ချန်နယ်မှာ ရေးထားပါတယ်။ ဒါ့အပြင် အဂတိလိုက်စားမှုတို-က်ဖျ-က်ရေး အေဂျင်စီတွေရဲ့ လက်ရှိအခြေအနေမှန်တွေ၊ သူတို့ဆီမှာ ထိန်းချုပ်မရတဲ့ အာဏာတွေ စုပုံလာနေတဲ့ လက္ခဏာတွေနဲ့ ဒါတွေက အမျိုးသားအချုပ်အခြာအာဏာကို ဘယ်လို ခြိမ်းခြောက်နေလဲဆိုတာ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်တွေကို ဖွင့်ချရှင်းပြဖို့ အစည်းအဝေးတော်တော်များများ လုပ်ဖို့ အစီအစဉ်ရှိတယ်လို့လည်း သူက‌ရေးထားပါတယ်။
​ကရပ်ဗ်ချန်ကိုရဲ့ နုတ်ထွက်ခွင့်တောင်းဆိုမှုကို စက်တင်ဘာ ၁၅ ရက်မှာ ယူကရိန်းလွှတ်တော် (Verkhovna Rada) က မဲခွဲဆုံးဖြတ်မယ်လို့ အာဏာရ Servant of the People ပါတီရဲ့ လွှတ်တော်အမတ်အဖွဲ့ခေါင်းဆောင် ဒေးဗစ် အာရာခါမီယာ (David Arakhamiya) က Telegram မှာ ကြေညာထားပါတယ်။

image