မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း ၂၀၂၆ အာရှအားကစားပြိုင်ပွဲဝင်ရန် ဂျပန်နိုင်ငံသို့ ထွက်ခွာ

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းဟာ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲဝင်ရန် ဂျပန်နိုင်ငံသို့ ယနေ့ (စက်တင်ဘာ ၁၀ ရက်) ထွက်ခွာသွားပြီး အပြီးသတ်ကစားသမား ၂၃ ဦး ခေါ်ဆောင်သွားကြောင်း သိရပါတယ်။
မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း နည်းပြသစ်ဖြစ်သူ အင်္ဂလန်နိုင်ငံသား ကောလင်းဘဲလ်ဟာ ၂၀၂၆ အာရှအားကစား ပြိုင်ပွဲအတွက် ပဏာမကစားသမား ၃၃ ဦး ရွေးချယ်ခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်မှစ၍ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြသစ်ဖြစ်သူ အင်္ဂလန်နိုင်ငံသား ကောလင်းဘဲလ် ရွေးချယ်လိုက်တဲ့ အပြီးသတ်ကစားသမား ၂၃ ဦးစာရင်းမှာ ခင်မာလာထွန်း၊ ဝင်းသိင်္ဂထွန်း၊ နော်ထက်ထက်ဝေ၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ မေသက်မွန်မြင့်၊ မေထက်လူ အစရှိတဲ့ ဝါရင့်ကစားသမားဟောင်းများ ပြန်လည်ပါဝင်ခဲ့သလို၊ မျက်နှာသစ်ကစားသမားများဖြစ်တဲ့ ဇွန်သဲဦး၊ ဇင်မာထွေး၊ ဒေစီအောင်တို့လည်း ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (မှာ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်အသင်းတို့နဲ့ ကျရောက်နေပါတယ်။ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အသင်း ၁၂ သင်းနဲ့ လေးသင်း သုံးအုပ်စုခွဲကာ ကျင်းပမှာဖြစ်ပါတယ်။ အုပ်စုခွဲ​ဝေထားမှုအရ အုပ်စု (A)မှာ အိမ်ရှင်ဂျပန်၊ တရုတ်တိုင်ပေ၊ ဗီယက်နမ်၊ ထိုင်း၊ အုပ်စု (မှာ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အုပ်စု (C)မှာ တရုတ်၊ ဖိလစ်ပိုင်၊ ဥဇဘက်ကစ္စတန်၊ ဟောင်ကောင်အသင်းတို့ ပါဝင်နေပါတယ်။ အုပ်စု တစ်ခုစီက အမှတ်အများဆုံးရ အသင်းနှစ်သင်းစီနဲ့ တတိယနေရာရအသင်းများအနက် အကောင်းဆုံးနှစ်သင်း စုစုပေါင်း ရှစ်သင်း ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။

image