1 ရက် - ဘာသာပြန်ပါ။

လာအိုကလပ် အီဇရာအသင်းကို ရာနှုန်းပြည့်အနိုင်ရမယ်လို့ ယုံကြည်ကြောင်း ရှမ်းအသင်းနည်းပြ ဆို

ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ်ဖြစ်သူ ဦးအောင်ခိုင်က ဒီညနေ ကစားရမယ့်ပွဲမှာ လာအိုကလပ် အီဇရာအသင်းကို ရာနှုန်းပြည့်အနိုင်ရမယ်လို့ ယုံကြည်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဦးအောင်ခိုင်က "ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်ထားတယ်။ ပြိုင်ဘက်အသင်းအပေါ်လည်း လေးစားမှုရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က အနိုင်ရဖို့ပဲ။ ကစားသမားတွေအားလုံးလည်း အကောင်းဆုံးစွမ်းဆောင်နိုင်မယ်လို့ ယုံကြည်တယ်။ ဒိပွဲကို ၁၀၀ ရာနှုန်းပြည့် အနိုင်ရမယ်လို့ ယုံကြည်ပါတယ်" ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။
ယခု၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ ပထမအကျော့အဖြစ် ရှမ်းယူနိုက်တက်နဲ့ လာအိုကလပ် အီဇရာအသင်းတို့ဟာ ယနေ့ (စက်တင်ဘာ ၁၁) ညနေ ၆ နာရီမှာ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ဟာ ၂၀၂၆-၂၀၂၇ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် မြန်မာကလပ် ရှမ်းယူနိုက်တက်နဲ့ လာအိုကလပ် အီဇရာ၊ ဖိလစ်ပိုင်ကလပ် မနီလာဒစ်ဂါနဲ့ ဘရူနိုင်းကလပ် ကာဆူကအသင်းတို့ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ယှဉ်ပြိုင်ကစားစေမှာဖြစ်ကြောင်း သိရပါတယ်။
ခြေစစ်ပွဲအောင်အသင်းနှစ်သင်းမှာ အုပ်စုအဆင့်သို့ တက်ရောက်ခွင့်ရရှိမှာဖြစ်ကြောင်း သိရပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ခြေစစ်ပွဲနှစ်ကျော့စလုံးကို အိမ်ကွင်းအဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် လက်ခံကျင်းပမှာဖြစ်ပြီး ဒုတိယအကျော့ကို စက်တင်ဘာ ၁၄ ရက်တွင် ကစားရမှာဖြစ်ပါတယ်။
ယခုရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို အသင်း ၁၄ သင်းအား ခုနစ်သင်း နှစ်အုပ်စုခွဲကျင်းပမှာဖြစ်ပါတယ်။

image