လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူ ၁,၀၀၀ ကျော်အတွက် သောက်သုံးရေ လီတာ ၂၆,၀၀၀ ကျော် ဖြန့်ဖြူး

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူ ၁,၀၀၀ ကျော်အတွက် သောက်သုံးရေ လီတာ ၂၆,၀၀၀ ကျော် ဖြန့်ဖြူးပေးထားပြီး သောက်သုံးရေလိုအပ်နေသည့် နေရာများသို့ ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းထံမှ သိရသည်။
လေးမျက်နှာမြို့နယ်ရှိ အမှတ် (၁)၊ (၂)၊ (၃) ရပ်ကွက်နှင့် စစ်ကုန်းကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများအတွက် သောက်သုံးရေလိုအပ်သည့် နေရာများသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကျန်းမာရေးဌာန၊ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးအဖွဲ့က သောက်သုံးရေများ ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။
စက်တင်ဘာ ၉ ရက်အထိ ရေဘေးသင့်ပြည်သူ ၁,၀၀၀ ကျော်အတွက် သောက်သုံးရေ လီတာ ၂၆,၀၀၀ ကျော်နှင့် ရေဘူးပျော့ ၄၀ ကို ဖြန့်ဖြူးပေးထားပြီး ရေလိုအပ်နေသည့် ရပ်ကွက်နှင့် ကျေးရွာများသို့ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းက အသိပေးထားသည်။ S

image