လက်ရှိဘဏ္ဍာနှစ် ငါးလအတွင်း ဆန်နှင့်ဆန်ကွဲ တန်ချိန် ၈၄၈,၀၀၀ ကျော် တင်ပို့ပြီး ဒေါ်လာ ၂၉၁ သန်းခန့်ရရှိ

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လအထိ ငါးလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၈၄၈,၂၇၈ တန် တင်ပို့ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၂၉၁ သန်းခန့် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (Myanmar Rice Federation-MRF) ၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိဘဏ္ဍာနှစ် ငါးလအတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့မှုပမာဏသည် ယခင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အလားတူကာလက တင်ပို့ခဲ့သည့် တန်ချိန် ၁ ဒသမ ၀၃ သန်းကျော်နှင့် နှိုင်းယှဉ်ပါက လျော့နည်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲများကို ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် နိုင်ငံနှင့် ဒေသပေါင်း ၃၀ ကျော်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

image