တရားမဝင်လျှပ်စစ်ဓာတ်အားသုံးစွဲမှုများကို ဆက် လက်ဖော်ထုတ်အရေးယူသွားမည်

တရားမဝင်လျှပ်စစ်ဓာတ်အားသုံးစွဲမှုများကို ဆက် လက်ဖော်ထုတ်အရေးယူသွားမည်ဟု ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)ဥက္ကဋ္ဌက ယ နေ့ စက်တင်ဘာ ၁၀ ရက်နေ့လယ် ၁ နာရီတွင် မြောင်းတကာစက်မှုဇုန်ရှိ Sky Man သံရည်ကျိုလုပ်ငန်း၌ တ ရားမဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့် လျှပ် စစ်ဝန်ထမ်း(၆)ဦးအား ချီးမြှင့်ဂုဏ်ပြုသည့်မှတ်တမ်းလွှာပေးအပ်ရာ၌ပြောကြားခဲ့ခြင်းဖြစ်သည်။
မသမာသောနည်းလမ်းများအသုံးပြု၍ တရားမဝင်ဓာတ်အားရယူသုံးစွဲမှုများကို ဇူလိုင် ၃၁ ရက် နောက် ဆုံးထားဆက်သွယ်အသိပေးရန်နှင့် အသိပေးလာပါက ဖြေလျှော့ပေးခြင်းများပြုလုပ်ပေးမည်ဖြစ်ပြီး သတ် မှတ်ကာလကျော်လွန်ချိန်တွင် တရားမဝင်ဓာတ်အားသုံးစွဲမှုများကို Control Center များမှစစ်ဆေးလျက်ရှိသည်ဟု ပြောသည်။
ထိုသို့ စစ်ဆေးပြီး တရားမဝင်ဓာတ်အားသုံးစွဲမှုများကို ပြဋ္ဌာန်းထားသည့် လျှပ်စစ်ဥပဒေများနှင့်အညီ ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊ မီတာအသုံးပြုခွင့်ကို ကာ လအကန့်အသတ်ဖြင့်ရပ်ဆိုင်းခြင်း(သို့)ပယ်ဖျက်ခြင်းနှင့် လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်းများဆောင်ရွက်လျက်ရှိကာ ဆက်သွယ်အသိပေးလာသူများကို ဖြေ လျှော့မှုများပြုလုပ်ပေးခဲ့သည်ဟု ပြောသည်။
" တရားမဝင်ဓာတ်အားသုံးစွဲမှုတွေကို ဆက်လက်ဖော် ထုတ်အရေးယူသွားမယ်။ တရားမဝင်ဓာတ်အားသုံးစွဲမှုတွေကို ရှာဖွေဖော်ထုတ်ဖမ်းဆီးခဲ့တဲ့ ဝန်ထမ်းတွေကို ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်ပေးနေသလို တစ်ဖက်မှာလည်း ဝန်ထမ်းတွေအနေနဲ့ မသမာမှုကိစ္စတွေမှာပါဝင်ပတ်သက်မှုမရှိအောင် တာဝန်ရှိသူအဆင့်ဆင့်က အ လေးထားကြပ်မတ်ရပါမယ်"ဟု YESC ဥက္ကဋ္ဌက ပြော သည်။
ထို့နောက် YESC ဥက္ကဋ္ဌက Sky Man သံရည်ကျိုလုပ် ငန်း၏ တရားမဝင်ဓာတ်အားသုံးစွဲမှုကြောင့် နစ်နာခဲ့သည့် ဓာတ်အားခလျော်ကြေးများပြန်လည်ရရှိရေးနှင့် Losses ကျဆင်းရေးကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးကို ပြည်ထောင်စုဝန်ကြီးကချီးမြှင့်ဂုဏ်ပြုသည့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုပေးအပ်ချီးမြှင့်ခဲ့သည်။

image