2 ပတ် - ဘာသာပြန်ပါ။

တယ်လီဂရမ် အသုံးပြုသူ သန်း ၁၂၀ ၏ အချက်အလက်များပေါက်ကြားကြောင်း သတင်းထွက်နေ

တယ်လီဂရမ်သုံးတဲ့သူ သန်း ၁၂၀ ရဲ့ အချက်အလက်တွေ ပေါက်ကြားသွားတယ်လို့ သတင်းထွက်နေပါတယ်။
နိုင်ငံတကာက တယ်လီဂရမ်သုံးသူ သန်း ၁၂၀ ကျော်ရဲ့ အချက်အလက်တွေပါတဲ့ ဒေတာအကြီးကြီးတစ်ခုကို သူရထားတယ်ဆိုပြီး ဟက်ကာတစ်ယောက်က ကြေညာထားတာပါ။
အဲဒီထုတ်ပြန်ထားတဲ့ ဒေတာတွေထဲမှာ ဖုန်းနံပါတ်တွေနဲ့ နိုင်ငံကုတ်တွေ၊ နာမည်နဲ့ မျိုးရိုးနာမည်တွေ၊ တယ်လီဂရမ် Username တွေနဲ့ နာမည်ပြောင်တွေ၊ User ID တွေ၊ အီးမေးလ်လိပ်စာတွေ၊ နိုင်ငံအချက်အလက်တွေ နဲ့ ဒေတာရင်းမြစ် အချက်အလက်တွေ ပါတယ်လို့ ဆိုပါတယ်။
သူပြောပုံအရဆို အဲဒီအထဲမှာ အီရန်နိုင်ငံက အချက်အလက် ၄၆.၇ သန်းလောက်နဲ့ ရုရှားနိုင်ငံက ၁၄.၆ သန်းလောက်က အများဆုံးပါဝင်နေပြီး တခြားနိုင်ငံတွေက ဒေတာတွေလည်း နည်းနည်းစီ ပါသေးတယ်လို့ သိရပါတယ်။
ဒါပေမယ့် တယ်လီဂရမ်ဆာဗာတွေ တကယ် ဟက်ခံရတာလားဆိုတာကို အတည်ပြုနိုင်တဲ့ သက်သေအထောက်အထားကတော့ အခုထိ မရှိသေးပါဘူး။ ဟက်ကာဖိုရမ်တွေမှာ ရောင်းနေကြတဲ့ ဒီတယ်လီဂရမ်ဒေတာတွေဟာ ရှေ့က ပေါက်ကြားခဲ့တာတွေ၊ ဖုန်းနံပါတ်‌တွေကတစ်ဆင့် ယူထားတာတွေ၊ အချက်အလက်တွေ လိုက်စုထုတ်ထားတာတွေ၊ လူသိရှင်ကြား အချက်အလက်တွေကို ပေါင်းစပ်စုဆောင်းထားတာတွေ (OSINT) ဒါမှမဟုတ် နေရာစုံက ဒေတာတွေကို ပေါင်းပြီး စုစည်းထားတာတွေ ဖြစ်နိုင်ပါတယ်။
အခုပြောနေတဲ့ သန်း ၁၂၀ ကျော်ဆိုတဲ့ ပမာဏနဲ့ ဘယ်ကနေ ဘယ်လို ပေါက်လာလဲဆိုတာကိုလဲ သီးသန့် အတည်မပြုနိုင်သေးပါဘူး။ ဒါကြောင့် ဒီဖြစ်စဉ်ကို တယ်လီဂရမ် ဟက်ခံရတယ်လို့ အသေအချာ မပြောနိုင်သေးဘဲ တယ်လီဂရမ်အချက်အလက်တွေ ပေါက်ကြားတယ်လို့ပဲ သံသယရှိတဲ့အဆင့်အနေနဲ့ သတ်မှတ်ထားသင့်တယ် လို့ လေ့လာသူတွေက ဆိုကြပါတယ်။

image