3 ရက် - ဘာသာပြန်ပါ။

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) တွင် ရွေးကောက်တင်မြှောက်ခံရသူ အမည်စာရင်း ပြောင်းလဲသတ်မှတ်

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) တွင်
ရွေးကောက်တင်မြှောက်ခံရသူ အမည်စာရင်း ပြောင်းလဲသတ်မှတ်ကြေညာလိုက်ကြောင်း ကို စက်တင်ဘာ ၇ ရက်၊ ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်လိုက်သည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၁-က နှင့်အညီ မြို့နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးခိုင်ဦး ရရှိသည့် ဆန္ဒမဲရလဒ်များကို နုတ်ပယ်၍ ကျန်ရှိသောခိုင်လုံမဲများကို သတ်မှတ်ထားသည့်အတိုင်း ပြန်လည်တွက်ချက်ရာတွင် လောင်းလုံးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဖြစ်သူ ပြည်သူ့ပါတီမှ ဦးတင်စိုး [၆/ဘပန(နိုင်) ၀၁၃၁၀၄ ] သည် ယခုကြေညာသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိတော့ကြောင်းလည်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၈ (ဃ) အရ နိုင်ငံရေးပါတီများက ဦးစားပေးအစီအစဉ်အတိုင်း တင်ပြထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ စာရင်းအရ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) တွင် လောင်းလုံးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါ်မြမြစိမ်း [ ၆/ထဝန(နိုင်)၀၇၀၉၁၀ ] ဖြစ်ကြောင်း သတ်မှတ်ကြေညာလိုက်ကြောင်း သိရသည်။

image