3 ပတ် - ဘာသာပြန်ပါ။

ချန်ပီယံလိဂ်ပွဲစဉ်များမတိုင်မီ နီပေါရေလွှမ်းမိုးမှုကြောင့် သေဆုံးခဲ့သူများအတွက် တစ်မိနစ် ငြိမ်သက်ကာ ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်မည်
===================

ယူအီးအက်ဖ်အေက ယခုအပတ် ချန်ပီယံလိဂ်ပွဲစဉ်များတွင် နီပေါရေလွှမ်းမိုးမှုကြောင့် သေဆုံးခဲ့ကြသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပွဲမတိုင်မီ တစ်မိနစ်ကြာ ငြိမ်သက်ကာ နီပေါနှင့်အတူ ရှိနေမည်ဖြစ်ကြောင်း ပြသသွားမယ်လို့ ကြေညာလာပါတယ်။
ယူအီးအက်ဖ်အေဟာ ချန်ပီယံလိဂ်ကစားတဲ့ ကွင်းတိုင်းတွင် နီပေါရေဘေးဒုက္ခသည်များကို အားပေးတဲ့ နဖူးစည်းအား ပြသသွားပါဦးမယ်။
ယနေ့ညမှာ စတင်ကစားလာမယ့် ချန်ပီယံလိဂ်လိဂ်အဖွင့်ပွဲစဉ်မတိုင်မီ ကစားသမားများ၊ အသင်းတာဝန်ရှိသူများ၊ ပရိသတ်များဟာ တစ်မိနစ်ကြာ ငြိမ်သက်သွားမယ့်အပြင် ကွင်းအတွင်းတွင်လည်း "You are not alone Nepal" စာသားပါ နဖူးစည်းကိုလည်း ကွင်းအတွင်း ယူဆောင် ပြသလာပါဦးမယ်။
ဩဂုတ်လအတွင်းက နီပေါနှင့် တရုတ်နိုင်ငံနယ်စပ်ဒေသများအပြင် ထရီရှူလီချိုင့်ဝှမ်းဒေသအတွင်းတွင် ရုတ်တရက်မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမြေပြိုမှုများဖြစ်ခဲ့ကာ လူပေါင်း ၁၃၅၅ ဦးထက် မနည်း သေဆုံးခဲ့ပြီး လူပေါင်း ၅၀၀၀ နီးပါးတို့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ယူအီးအက်ဖ်အေဟာ နီပေါနိုင်ငံတွင် ဖြစ်ပျက်နေမှုအား နိုင်ငံတကာမှ အလျှင်အမြန် အကူအညီပေးစေရေးအတွက် အထောက်အပံ့တစ်ရပ်အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။

image