သမိုင်းဝင်ချန်ပီယံလိဂ်ပထမဆုံးပွဲအတွက် သစ္စာရှိ ပရိသတ်များအတွက် VIP ထိုင်ခုံများကို နေရာဖယ်ပေးလာတဲ့ ကိုမိုဥက္ကဌ

ကိုမိုအသင်းဥက္ကဌမာဝန်ဆူဝါဆိုဟာ ကလပ်ရဲ့ ပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်အား ကလပ်ရဲ့ နှစ်ရှည်အမာခံပရိသတ်များ မြင်မျက်ဒိတ္ထကြည့်ရှုနိုင်ရန်အတွက် နေရာဖယ်ပေးသွားမည်ဖြစ်ကြောင်း ကြေညာလာပါတယ်။
ကိုမိုရဲ့ ဥက္ကဌအပြင် အမှုဆောင်ချုပ်၊ ဘုတ်အဖွဲ့ဝင်များဟာလည်း ၎င်းတို့ရဲ့ VIP လက်မှတ်များအား လိုက်ဇစ်နှင့် ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အတွက် လက်လွှတ်လာကြပါမယ်။
ကိုမိုအသင်းမှ အကြီးအကဲများဟာ အောက်တန်းလိဂ်များမှ ထိပ်တန်းအဆင့်သို့ ရောက်တဲ့အထိ အသင်းကို အားပေးလာကြတဲ့ သစ္စာရှိ ပရိသတ်များ အထူးတန်း လက်မှတ်များကို လက်လွှတ်လာကြတာပါ။
ကိုမိုဟာ အဆင့်နိမ့်လိဂ်များတွင် ကျင်လည်ပြီးနောက် ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့အထိ အောင်မြင်မှု ရယူထားနိုင်ပါတယ်။
ကိုမိုဟာ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပထမဆုံးချန်ပီယံလိဂ်ပွဲအဖြစ် Stadio Giuseppe Sinigaglia မှာ လိုက်ဇစ်အား ဧည့်ခံကစားရမှာ ဖြစ်ပြီး ယင်းပွဲအတွက် လက်မှတ်အားလုံးရောင်းချထားရပြီး ဖြစ်သလို လက်မှတ်တောင်းဆိုမှုများပြားနေဆဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ကလပ်တာဝန်ရှိသူများဟာ ၎င်းတို့ရဲ့ VIP လက်မှတ်များကို သစ္စာရှိ ပရိသတ်များအတွက် လက်လွှတ်ခံလာကြပါမယ်။
၎င်းတို့ရဲ့ VIP လက်မှတ်များကို ပုံမှန်အတိုင်း လက်လွှတ်လာကြတာမျိုးမဟုတ်ဘဲ ဒေဝါလီခံကာ အပျော်တမ်းလိဂ်တွင် ကျင်လည်ရစဉ်ကတည်းက အားပေးလာတဲ့ ပရိသတ်များအတွက် အထူးသီးသန့် လက်လွှတ်လာကြတာပါ။
ကိုမိုရဲ့ VIP လက်မှတ်ကို အနည်းဆုံး ၁၉၅၀ ခုနှစ်နှင့် စောပြီး မွေးဖွားသူ ဖြစ်ရမယ့်အပြင် ကိုမိုအား လိဂ်တိုင်းတွင် လိုက်ပါ အားပေးခဲ့သူများကသာ ရရှိနိုင်ပါမယ်။

image