allon d'Or တစ်နှစ်တာအကောင်းဆုံးနည်းပြ Johan Cruyff Trophy အတွက် ဆန်ကာတင်စာရင်းအား France Football ကြေညာလာ

France Football ဟာ ၂၀၂၆ ခုနှစ်အတွက် Ballon d'Or တစ်နှစ်တာအကောင်းဆုံးနည်းပြဆု Johan Cruyff Trophy (အမျိုးသား/အမျိုးသား)တို့အတွက် ဆန်ကာတင်စာရင်းအား ကြေညာလာပြီ ဖြစ်ပါတယ်။
Johan Cruyff Trophy အတွက် ဆန်ကာတင်စာရင်းကို စပိန်ထိပ်တန်းနည်ပြများက လွှမ်းမိုးထားပြီး ဥရောပရဲ့အကောင်းဆုံးနည်းပြထွက်ရာ နေရာဖြစ်ကြောင်း စပိန်က သက်သေပြနေပါတယ်။
၂၀၂၅ ခုနှစ် Johan Cruyff Trophy ဆုအား ဆွတ်ခူးခဲ့တဲ့ ပီအက်စ်ဂျီနည်းပြလူးဝစ်အန်းနရစ်က ပီအက်စ်ဂျီကို ချန်ပီယံလိဂ် ၂ ကြိမ်ဆက် ဆွတ်ခူးနိုင်အောင် ကူညီပြီးနောက် ဆန်ကာတင်စာရင်းမှာ ထိပ်ဆုံးမှ ပါဝင်ပါတယ်။
အန်းနရစ်နှင့်အတူ အာဆင်နယ်အား ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဖလား ရယူပေးထားတဲ့ မီခေးလ်အာတီတာလည်း ပါဝင်နေသလို ဗီလာအား ယူရိုပါလိဂ် ရယူပေးထားတဲ့ အူနိုင်းအမ်မရီလည်း ပါဝင်နေပါတယ်။
ဒါ့အပြင် စပိန်အသင်းကို ယူရို ၂၀၂၄ ဖလားအပြင် ၂၀၂၆ ကမ္ဘာ့ဖလားလည်း ရယူပေးထားတဲ့ စပိန်လက်ရွေးစင်အသင်းနည်းပြလူးဝစ်ဒီလာဖူအန်တီလည်း ပါဝင်ပါတယ်။
Johan Cruyff Trophy ဆုအတွက် ဆန်ကာတင်စာရင်းတွင် စပိန်လူမျိုးမဟုတ်တဲ့ တစ်ဦးတည်းသော နည်းပြအဖြစ် ဘိုင်ယန်မြူးနစ်နည်းပြဗင်းဆင့်ကွန်ပနီတစ်ဦးတည်းသာ ပါဝင်နေပါတယ်။ ကွန်ပနီဟာ ဘိုင်ယန်မြူးနစ်ကို ပြီးခဲ့တဲ့ရာသီတုန်းက စံချိန်တင်သွင်းဂိုး ၁၂၂ ဂိုးဖြင့် ချန်ပီယံဖြစ်အောင် ဦးဆောင်ပြီးနောက် ဆန်ကာတင်စာရင်းမှာ ပါဝင်လာတာပါ။
အမျိုးသမီးနည်းပြဆုအတွက် ဆန်ကာတင်စာရင်းတွင် ဘာစီလိုနာနည်းပြပီရီရိုမြူး၊ မန်စီးတီးနည်းပြအင်ဒရီးဂျီလတ်ဇ်၊ ဂျပန်နည်းပြဟောင်းနေးလ်နီဆင်၊ လိုင်ယွန်နည်းပြဟောင်းဂျိုနသန်ဂီရီဒက်ဇ်နှင့် ဘီကေဟက်ကီနည်းပြအီလီနာဆာဒီကူတို့ ပါဝင်နေပါတယ်။
ဒါ့အပြင် Ballon d'Or တစ်နှစ်တာအကောင်းဆုံးကလပ်ဆု(အမျိုးသား)အတွက် ဆန်ကာတင်စာရင်းတွင် ချန်ပီယံလိဂ် ၂ ကြိမ်ဆက်ချန်ပီယံ ပီအက်စ်ဂျီ၊ ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်၊ ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်တို့ ထိပ်ဆုံးမှ ပါဝင်လာပါတယ်။
ဒါအပြင် ချန်ပီယံလိဂ်တွင် အက်သလက်တီကိုမက်ဒရစ်၊ မန်စီးတီးတို့အား အနိုင်ယူခဲ့တဲ့ နော်ဝေကလပ် ဘိုဒို/ဂလမ့်နှင့် ၆ နှစ်အတွင်း ၃ ကြိမ်မြောက် Copa Libertadores အား ရယူထားနိုင်တဲ့ ဘရာဇီးထိပ်သီးကလပ် ဖလာမင်ဂိုတို့ ပါဝင်လာပါတယ်။
ကလပ်တစ်နှစ်တာအကောင်းဆုံးဆု(အမျိုးသမီး)စာရင်းတွင် ချန်ပီယံလိဂ်ချန်ပီယံ ဘာစီလိုနာ၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ လိုင်ယွန်နှင့် မက္ကဆီကိုကလပ် ကလပ်အမေရိကတို့က ရွေးချယ်ခြင်းခံထားရပါတယ်။

image