၂၀၂၆ Ballon d'Or ဆုအတွက် ဆန်ခါတင်စာရင်းများ ထုတ်ပြန်

၂၀၂၆ Ballon d'Or ဆုအတွက် ဆန်ခါတင်စာရင်းတွေကို ယနေ့ထုတ်ပြန်ခဲ့ပါတယ်။
အခုထုတ်ပြန်တဲ့စာရင်းမှာ အမျိုးသားနဲ့ အမျိုးသမီး Ballon d'Or ဆု၊ အမျိုးသားနဲ့ အမျိုးသမီး လူငယ်အကောင်းဆုံးဆု၊ အမျိုးသားနဲ့ အမျိုးသမီး ဂိုးသမားဆု၊ အမျိုးသားနဲ့ အမျိုးသမီးအသင်း
နည်းပြဆု၊ အမျိုးသားနဲ့ အမျိုးသမီးကလပ်
အသင်းဆုတွေ ပါဝင်ခဲ့ပါတယ်။
အမျိုးသားနဲ့ အမျိုးသမီး Ballon d'Or ဆုမှာ ဆန်ခါတင်စာရင်း ၃၀ ဦးစီ၊ အမျိုးသားနဲ့ အမျိုးသမီး လူငယ်အကောင်းဆုံးဆုအတွက်
၁၀ ဦးစီ၊ အမျိုးသားနဲ့ အမျိုးသမီး ဂိုးသမားဆုအတွက် ငါးဦးစီ၊ အမျိုးသားနဲ့ အမျိုးသမီးအသင်း နည်းပြဆုအတွက် ငါးဦးစီ၊ အမျိုးသားနဲ့ အမျိုးသမီး ကလပ်အသင်းဆုအတွက် ငါဦးစီ ရွေးချယ်ခံခဲ့ရပါတယ်။
၂၀၂၆ Ballon d'Or ဆုပေးပွဲကို လာမယ့် အောက်တို
ဘာလ ၂၆ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။

image