1 ရက် - ဘာသာပြန်ပါ။

စိန့်အက်တီယန်အသင်းရဲ့ ဆယ်ကျော်သက်ကစားသမား ဂျီလီယန်ဂတ်ဆန်ကို လီဗာပူးလ် သဘောတူညီမှုရရှိ

လီဗာပူးလ်အသင်းဟာ စိန့်အက်တီယန်အသင်းရဲ့ ဆယ်ကျော်သက်တောင်ပံကစားသမား ဂျီလီယန်ဂတ်ဆန်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းက ဂျီလီယန်ဂတ်ဆန်(၁၈ နှစ်)ကို လာမယ့်ဇန်နဝါရီလမှာ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရခဲ့တာပါ။
ဂျီလီယန်ဂတ်ဆန်က လက်ရှိအချိန်မှာ ဘရက်စ်အသင်းကို အငှားချခံထားရသူဖြစ်ပြီး လီဗာပူးလ်အသင်းက ဇန်နဝါရီမှာ စာချုပ်ချုပ်ဆိုပြီးရင်လည်း ဘရက်စ်အသင်းမှာပဲ ရာသီကုန်တဲ့အထိ ဆက်ကစားခွင့်ပြုမှာဖြစ်ကြောင်း သိရပါတယ်။
ပြင်သစ်ဖခင်နဲ့ အိုင်ဗရီကို့စ်မိခင်တို့က မွေးဖွားခဲ့တဲ့ ဂျီလီယန်ဂတ်ဆန်ဟာ ပြင်သစ်လူငယ်အသင်းတွေမှာ ပါဝင်ကစားနေသူဖြစ်ပြီး ၂၀၂၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွှဲခဲ့သူဖြစ်ကြောင်းလည်း သိရပါတယ်။
ဂျီလီယန်ဂတ်ဆန်က ၂၀၂၅ ဇန်နဝါရီမှာ စိန့်အက်တီယန်အသင်းအတွက် စတင်ကစားခွင့်ရခဲ့ပြီး (၁၃)ပွဲကစားကာ (၁)ဂိုးသွင်းယူပေးခဲ့ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းက ဂျီလီယန်ဂတ်ဆန်အတွက် ပြောင်းရွှေ့ကြေး ယူရို(၇.၅)သန်း ပေးချေရမယ်လို့ သိရပါတယ်။

image