1 ရက် - ဘာသာပြန်ပါ။

သန့်ဇင်၊ မြလုံးချော၊ ဆလိုင်းထန်ခွီးရှိန်တို့ ပါဝင်တဲ့ Royal- D ရွှေခါးပတ်ချန်ပီယံလုပွဲအဖြစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပမယ်

အားကစားရေးရာဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်းပြီး နာမည်ကြီးဖိုက်တာတွေဖြစ်တဲ့ သန့်ဇင်၊ မြလုံးချော၊ ဆလိုင်းထန်ခွီးရှိန်တို့ ပါဝင်တဲ့ Royal- D ရွှေခါးပတ်ချန်ပီယံလုပွဲအဖြစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
​Royal- D ရွှေခါးပတ်ချန်ပီယံလုပွဲ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို စက်တင်ဘာ (၆၊ ၂၀) ရက်တွေမှာ ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့အားကစားရုံမှာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
Royal- D ရွှေခါးပတ်ချန်ပီယံလုပွဲ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲမှာ ကီလိုတန်းများအဖြစ် (၅၁၊ ၅၄၊ ၅၇၊ ၆၀၊ ၆၃.၅၊ ၆၇) ကီလိုတန်း (၇) တန်း ထည့်သွင်းကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
ကီလိုတန်းတစ်တန်းမှာ ဖိုက်တာ (၄) ဦးအား ဆီမီးဖိုင်နယ်အဆင့်အနေနဲ့ စတင်ယှဥ်ပြိုင်စေမှာဖြစ်ပြီး အနိုင်ရရှိတဲ့ ဖိုက်တာနှစ်ဦးမှာ Royal- D ရွှေခါးပတ်ချန်ပီယံလုပွဲအဖြစ် ဗိုလ်လုပွဲ ဆက်လက်ယှဥ်ပြိုင်ထိုးသတ်ခွင့် ရရှိမှာဖြစ်ကြောင်း သိရပါတယ်။
Royal- D ရွှေခါးပတ်ချန်ပီယံလုပွဲ ဆီမီးဖိုင်နယ်ပွဲစဥ်များကို စက်တင်ဘာ (၆) ရက်မှာလည်းကောင်း၊ ဗိုလ်လုပွဲစဥ်များကို စက်တင်ဘာ (၂၀) ရက်မှာလည်းကောင်း ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ဆီမီးဖိုင်နယ်ပွဲစဥ်များအဖြစ် (၅၁) ကီလိုတန်းတွင် စည်သူဖြိုးနဲ့ ဂေါပက၊ အောင်ကိုဦးနဲ့ ဆလိုင်းထန်ခွီးရှိန်၊ (၅၄) ကီလိုတန်းတွင် အောင်ထွန်းဘိုနဲ့ မြလုံးချော၊ နိုင်အောင်ရှင်းနဲ့ ကိုကို၊ (၅၇) ကီလိုတန်းတွင် အာဖရိကနဲ့ အောင်ကောင်း၊ အောင်ထက်ဦးနဲ့ ကျော်ဝေယံစိုး၊ (၆၀) ကီလိုတန်းတွင် စီတိုးနဲ့ အောင်ဇော်မိုး၊ ဒေါနဟိန်းနဲ့ သန့်ဇင်၊ (၆၃.၅) ကီလိုတန်းတွင် ရဲလင်းဦးနဲ့ ထူးကညော၊ ဘစိုးဝဏ္ဏနဲ့ ကြယ်စင်ထွန်း၊ (၆၇) ကီလိုတန်းတွင် ထွန်းနိုင်ဦးနဲ့ ရှင်းထက်၊ အဖိုးသွေးနဲ့ ကညောခွားတို့ ယှဥ်ပြိုင်ထိုးသတ်ကြမှာဖြစ်ကြောင်း သိရပါတယ်။
ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဥ်များကို စက်တင်ဘာ (၆) ရက်၊ နေ့လယ် (၁) နာရီကစပြီး ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့အားကစားရုံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

image