PSG အသင်းနဲ့ နည်းပြ အန်နရီကေး စာချုပ်သက်တမ်းတိုး

PSG အသင်းနည်းပြ လူးဝစ်အန်နရီကေးဟာ အသင်းနဲ့ သုံးနှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။
စာချုပ်သစ်အရ အန်နရီကေးအနေနဲ့ PSG အသင်းမှာ ၂၀၃၀ ခုနှစ်အထိ ဆက်ရှိနေပါလိမ့်မယ်။
၎င်းဟာ PSG အသင်းကို ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ စတင်ကိုင်တွယ်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား နှစ်နှစ်ဆက်နဲ့ ပြင်သစ်လိဂ် သုံးနှစ်ဆက် ရယူပေးထားပါတယ်။
အန်နရီကေးရဲ့မူလစာချုပ်ဟာ အခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးပါလိမ့်မယ်။
PSG အသင်းဟာ အသင်းကစားသမားတွေကိုလည်း စာချုပ်သက်တမ်း တိုးခဲ့ပါတယ်။
နယ်ဗီးစ်၊ ပါချို၊ ဘယ်လ်ရာဒိုနဲ့ မာယူလူတို့ကို ၂၀၃၁ ခုနှစ်အထိ သက်တမ်းတိုးခဲ့ပြီး ဖာဘီယန်ရုဇ်ကိုလည်း ၂၀၂၈ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။

image