ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ တွင် ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၅)ရက်မှ (၂၁)ရက်ထိ ကျင်းပခဲ့သည့်အရှေ့တောင်အာရှဒေသဆိုင်ရာချန်ပီယံရှစ်ကြက်တောင်ရိုက် ပြိုင်ပွဲ(Badminton Southeast Asia Regional Championship) ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုများရရှိခဲ့ကြ သည့် U 16 မြန်မာ့လက်ရွေးစင် ကြက်တောင်ရိုက်အားကစားသမား မောင်မင်းမြတ်မိုးနှင့် မောင်ကောင်းမြတ်ချမ်းသာတို့နှစ်ဦး စက်တင်ဘာလ ၂ ရက် ညဦးပိုင်းက မြဝတီမြို့ အမှတ်(၃)ရပ်ကွက် နတ်သျှင်နောင် လမ်းရှိ ထိပ်တန်စားသောက်ဆိုင်တွင် စက်တင်ဘာလ ၂ရက် ညဦးပိုင်းက ဂုဏ်ပြု ညစာစားပွဲ ကျင်းပပြုလုပ်ခဲ့သည်။
မြဝတီမြို့ အမှတ်၁ရပ်ကွက်၊ဘုရင့်နောင် လမ်းနေ( ဘ) ဦးလှမိုး၏သား မောင်မင်းမြတ်မိုး နှင့် မြဝတီမြို့ အမှတ်(၄) ရပ်ကွက် နေ ဦးနေမျိုး၏သား ကောင်းမြတ်ချမ်းသာ တို့နှစ်ဦးအား ဂုဏ်ပြုညစာစားပွဲကို မြဝတီခရိုင်ကြက်တောင်အသင်းဆပ်ကော်မတီမှ ဦးစီးကျင်းပခဲ့ ခြင်းဖြစ်သည်။
မောင်မင်းမြတ်မိုးသည် ဩဂုတ်လ (၁၅)ရက်မှ (၂၁)ရက်ထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကမ္ဘောဒီးယာ၊မြန်မာ၊လာအို ၊ဘရူနိုင်း၊အရှေ့တီမော ငါး နိုင်ငံပါဝင်သည့် အရှေ့တောင်အာရှဒေသဆိုင်ရာ ချန်ပီယံရှစ် U.16 ကြက်တောင်ရိုက်ပြိုင်ပွဲ၌ တစ်ဦးချင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ အမျိုးသားနှစ်ယောက် တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ အမျိုးသား/အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု နှင့် အသင်းလိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု စသည်ဖြင့်စုစုပေါင်းရွှေတံဆိပ်ဆု(၄)ဆုအထိ ရရှိခဲ့သည်။