3 ရက် - ဘာသာပြန်ပါ။

၂၇ ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မန္တလေးမှာကျင်းပ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်း၊ ၇၀၇၁ လမ်း ကြားက မြို့တော်ခန်းမမှာ ဒီကနေ့ စက်တင်ဘာ ၃ ရက်နေ့မနက် ၈ နာရီကစတင်ပြီး ၂၇ ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပဖို့အတွက် ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဖွင့်ပွဲအခန်းအနားကို မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ မြို့တော်ဝန် ဦးခင်မောင်အေး၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အစိုးရအဖွဲ့ဝန်ကြီးတွေအပြင် ဌာနဆိုင်ရာကတာဝန်ရှိသူတွေနဲ့ ဖိတ်ကြားထားတဲ့ဧည့်သည်တွေ တက်ရောက်ခဲ့ပါတယ်။
ဒီကနေ့ပြိုင်ပွဲမှာတော့ ကျေးလက်ရိုးရာအက ယှဥ်ပြိုင်ခြင်း မဲကျရာအဖွဲ့ ၁၊ မဲကျရာအဖွဲ့ ၂၊ မဲကျရာအဖွဲ့ ၃ နဲ့ မဲကျရာ အဖွဲ့ ၄ တို့က ယှဥ်ပြိုင်ကြမှာဖြစ်ပြီး နောက်ထက် မဲကျရာအဖွဲ့ ၁ ကနေ ၄ အထိက ကဗျာလွတ်အက ခေါင်းစဥ်နဲ့ ယှဥ်ပြိုင်သွားမှာဖြစ်ပါတယ်။
ဒီပြိုင်ပွဲအခန်းအနားကို ဒီကနေ့ စက်တင်ဘာ ၃ ရက်နေ့ကစတင်ပြီး စက်တင်ဘာ ၆ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီးနောက်ဆုံးနေ့မှာတော့ ၂၇ ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အတွက် ဆုချီးမြှင့်ပွဲနဲ့ အောင်နိုင်ရေးအလံအပ်နှင်းပွဲ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

image