1 ပတ် - ဘာသာပြန်ပါ။

ါပေဆားအတွက် ဂျူဗင်တပ်စ်အသင်း ငှားရမ်းခ ယူရို(၂)သန်း ပေးရမယ်

ဂျူဗင်တပ်စ်အသင်းဟာ စပါးအသင်းရဲ့ ဆီနီဂေါကွင်းလယ်ကစားသမား ပါပေဆားကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့ခြင်းအတွက် ငှားရမ်းခ ယူရို(၂)သန်း ပေးချေရမယ်လို့ သိရပါတယ်။
ပါပေဆား(၂၃ နှစ်)က စပါးအသင်းနဲ့ ၂၀၃၀ အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ အသင်းပြောင်းရွှေ့ခွင့်ပြုဖို့ တောင်းဆိုခဲ့တာကြောင့် စပါးအသင်းက ဂျူဗင်တပ်စ်အသင်းဆီ အငှားချခဲ့တာပါ။
အငှားစာချုပ် သက်တမ်းပြည့်ရင် ယူရို(၂၈)သန်းနဲ့ အပြီးသတ်ရောင်းချမယ့် သဘောတူညီချက်လည်း ပါဝင်ကြောင်း သိရပါတယ်။
စပါးအသင်းအတွက် (၁၄၁)ပွဲကစားပြီး (၁၁)ဂိုးသွင်းယူပေးခဲ့တဲ့ ပါပေဆားက ဂျူဗင်တပ်စ်အသင်းအတွက် ကစားပေးဖို့ မစောင့်နိုင်တော့ကြောင်း ပြောကြားခဲ့ပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ ဒီနွေရာသီမှာ စပါးအသင်းက အီတလီဂိုးသမား ဗစ်ကာရီယိုကိုလည်း အငှားခေါ်ယူထားပြီး ရာသီကုန်မှာ အပြီးသတ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ကြောင်း သိရပါတယ်။

image