8 ပတ် - ဘာသာပြန်ပါ။

၂၀၂၅-၂၆ ရာသီ စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံးဆုများကို AIC ချီးမြှင့်

၂၀၂၅-၂၆ ရာသီ စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံးဆုများကို အီတလီဘောလုံးသမားများအဖွဲ့အစည်း (AIC)က ရွေးချယ်ခဲ့ပြီး အကောင်းဆုံးကစားသမားဆုကို အင်တာမီလန်အသင်းရဲ့ အီတလီဘယ်တောင်ပံကစားသမား ဒီမာကိုက ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီအတွင်း ကိုမိုအသင်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အောင်မြင်မှုရခဲ့ကြတဲ့ ဖာဘရီဂတ်စ်နဲ့ နီကိုပက်ဇ်တို့အနေနဲ့ AIC ရဲ့ အကောင်းဆုံးနည်းပြနဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုတို့ကို ရယူနိုင်ခဲ့ကြပါတယ်။
ဒါ့အပြင် အေစီမီလန်အသင်းရဲ့ ခရိုအေးရှားဝါရင့်ကွင်းလယ်လူ လူကာမိုဒရစ်ဟာလည်း ၂၀၂၅-၂၆ ပြိုင်ပွဲရဲ့ စီးရီးအေအကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။
AIC က ရွေးချယ်တဲ့ စီးရီးအေအကောင်းဆုံးအသင်းမှာ လိဂ်ချန်ပီယံ အင်တာမီလန်က (၅)ဦးအထိရှိခဲ့ပြီး အများဆုံးဖြစ်ခဲ့ပါတယ်။

image