ချဲလ်ဆီးတိုက်စစ်မှူးမာ့ခ်ဂွီယူကို ခေါ်ယူလာတဲ့ ရက်ဘူးလ်လိုက်ဇစ်

ဘွန်ဒက်စ်လီဂါကလပ် ရက်ဘူးလ်လိုက်ဇစ်ဟာ ချဲလ်ဆီးတိုက်စစ်မှူးမာ့ခ်ဂွီယူအား ခေါ်ယူအားဖြည့်လာပါတယ်။
အသက် ၂၀ နှစ်ရှိ စပိန်တိုက်စစ်မှူးဟာ စတမ်းဖို့ဒ်ဘရစ်ချ် ပထမအသင်းတွင် ပုံမှန်ကစားခွင့် ရရှိရေး ရုန်းကန်ရပြီးနောက် လိုက်ဇစ်သို့ ၂၀၃၁ ခုနှစ်အထိ စာချုပ်ဖြင့် ပြောင်းရွှေ့လာတာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာအကယ်ဒမီထွက်ဂွီယူဟာ ၂၀၂၄ ခုနှစ်တွင် ချဲလ်ဆီးသို့ ပြောင်းလာပြီးနောက် ပထမပွဲထွက်လူစာရင်းတွင် ဆက်တိုက်ပါဝင်ခွင့် ရရှိရန် ရုန်းကန်ခဲ့ရပါတယ်။ သူဟာ ချဲလ်ဆီးပထမရာသီတွင် ပရီးမီးယားလိဂ်တွင် ပွဲထွက်ကစားခွင့် ရရှိရန် ရုန်းကန်ခဲ့ရပေမယ့်လည်း ကွန်ဖရင့်လိဂ်တွင် ချန်ပီယံဖြစ်အောင် အဓိကနေရာမှ ကူညီခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဆန်းဒါးလန်းသို့ အငှားဖြင့် ပြောင်းခဲ့ပေမယ့်လည်း တစ်လမပြည့်မီမှာ ဒဏ်ရာပြဿနာများ ကြုံနေရမှုကြောင့် ချဲလ်ဆီးသို့ ပြန်ပြောင်းခဲ့ရပါတယ်။
စပိန်ယူ-၂၁ တိုက်စစ်မှူးဟာ ဘာစီလိုနာအတွက် ၃ ပွဲကစားခွင့် ရရှိခဲ့ရာမှာ ၁ ဂိုးသွင်းနိုင်ခဲ့တဲ့အပြင် ချဲလ်ဆီးအတွက် ၂၉ ပွဲကစားခဲ့ရာမှာ ၈ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

image