2 ပတ် - ဘာသာပြန်ပါ။

အသေးစားနှလုံးရောဂါပြဿနာကြောင့် အနားယူရမယ့် စကော့တလန်နှင့် နာပိုလီစတားစကော့မက်တိုမီနေး

စကော့တလန်ကွင်းလယ်ကစားသမားစကော့မက်တိုမီနေးဟာ အပျော့စားနှလုံးခုန်နှုန်းမမှန်မှု ပြဿနာကြောင့် အသေးစားနှလုံးခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ကာ အနားယူလာရတော့မှာ ဖြစ်ပါတယ်။
အသက် ၂၉ နှစ်ရှိ ယူနိုက်တက်စတားဟောင်းဟာ တနင်္ဂနွေနေ့တုန်းက ကိုမိုအား ၂-၁ ဖြင့် ရှုံးနိမ့်တဲ့ စီးရီးအေပွဲစဉ်တွင် ၅၆ မိနစ်မှာ လူစားလဲလှယ်ခြင်းခံခဲ့ရသူ ဖြစ်ပြီး လာမယ့်ရက်များတွင် မှန်ကန်တဲ့ ဆေးကုသမှုများ ခံယူရပါမယ်။
နာပိုလီက စကော့မက်တိုမီနေးမှာ အောက်ဘာလအစောပိုင်း နိုင်ငံတကာပွဲစဉ်များအပြီးတွင် ကစားလာနိုင်ဖို့ ရှိနေကြောင်း မျှော်မှန်းထားပါတယ်။
သူဟာ စကော့တလန်နည်းပြသစ်ဆီဘာစတီယန်ပိုကိုဂလိုလီရဲ့ ပထမဆုံးနိုင်ငံတကာပွဲ ၄ ပွဲကို လွဲချော်လာဖို့ ရှိနေပါတယ်။ သူဟာ ဆလိုဗေးနီးယား(အိမ်/အဝေး)၊ မြောက်မက်ဆီဒိုးနီးယား၊ ဆွစ်ဇာလန်တို့နှင့် ကစားရမယ့် နေးရှင်းလိဂ်ပွဲစဉ်များကို လွဲလာဖို့ ရှိပါတယ်။
နှလုံးခုန်နှုန်းမမှန်ခြင်းမှာ နှလုံးခုန်နှုန်း မြန်လွန်းခြင်း (သို့မဟုတ်) နှေးလွန်းခြင်းဖြစ်ကာ တည်ငြိမ်မှု မရှိတာမျိုး ဖြစ်ပါတယ်။

image