လီဗာပူးရဲ့အယ်လီယော့ကို အငှားဖြင့် ဗလင်စီယာခေါ်ယူလာ

လီဗာပူးအလယ်တန်းကစားသမားဟာဗေးအယ်လီယော့ဟာ ဗလင်စီယာသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့လာပါတယ်။
အသက် ၂၃ နှစ်ရှိ အယ်လီယော့ရဲ့အငှားစာချုပ်အတွင်းတွင် အပြီးသတ်ခေါ်ယူနိုင်မယ့် အချက်မပါဝင်ကြောင်းလည်း သိရပါတယ်။
အယ်လီယော့ဟာ တနင်္လာနေ့တုန်းက ဗလင်စီယာမြို့သို့ ရောက်လာပြီးနောက် ဆေးစစ်ဆေးမှုခံယူကာ အပြောင်းအရွှေ့အား အပြီးသတ်လာခဲ့တာလည်း ဖြစ်ပါတယ်။
အယ်လီယော့ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဗီလာသို့ အငှားဖြင့် သွားကစားခဲ့ရပြီးနောက် နှစ်ရာသီဆက် အငှားဖြင့် ထွက်ခွာကစားခဲ့ရတာလည်း ဖြစ်ပါတယ်။
လီဗာပူးနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ အယ်လီယော့ဟာ အသက် ၁၆ နှစ်အရွယ် ၂၀၁၉ ခုနှစ်တုန်းက ဖူလ်ဟမ်မှာ ပြောင်းလာခဲ့တာ ဖြစ်ပြီး ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းတွင်လည်း အငှားဖြင့် သွားကစားခဲ့ရဖူးပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက လာလီဂါအဆင့် ၉ နေရာမှာသာ ရပ်တည်ခဲ့တဲ့ ဗလင်စီယာဟာ လာလီဂါအဖွင့်ပွဲ ၃ ပွဲလုံး နိုင်ပွဲပျောက်ဆုံးကာ အဆင့် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။

image