2 ပတ် - ဘာသာပြန်ပါ။

ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းဖြင့် ဖာနန်ဒက်ဇ်အား မန်စီးတီး ခေါ်ယူလာ

မန်စီးတီးဟာ ချဲလ်ဆီးမှ ကွင်းလယ်ကစားသမားအန်ဇိုဖာနန်ဒက်ဇ်အား ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းဖြင့် ခေါ်ယူလာပါတယ်။
ဖာနန်ဒက်ဇ် အပြောင်းအရွှေ့ကြောင့် မန်စီးတီးဟာ အပြောင်းအရွှေ့တစ်ခုတည်းတွင် စံချိန်တင် ပေါင် ၄၅၈ သန်းအထိ အသုံးပြုလာကာ ပြီးခဲ့တဲ့နွေတုန်းက လီဗာပူးရဲ့ ပေါင် ၄၁၅ သန်းသုံးစွဲမှုစံချိန်အား ရိုက်ချိုးလာပါတယ်။
ဒါပေမယ့် တဖက်တွင် မန်စီးတီးဟာ ကစားသမားများ ရောင်းချမှုမှ ပေါင်သန်း ၃၀၀ ဝန်းကျင်အထိ ရရှိထားပါတယ်။
ဖာနန်ဒက်ဇ်ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ဘင်ဖီကာမှ ထိုစဉ်တုန်းက ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၇ သန်းဖြင့် ပြောင်းလာသူ ဖြစ်ပြီး မန်စီးတီးအပြောင်းအရွှေ့မှာ ယခင်ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင် အလက်ဇန္ဒားအီဆက်ခ်ရဲ့ ပေါင် ၁၂၅ သန်းစံချိန်ကို လိုက်မီလာပါတယ်။
ကလပ်နှစ်ခုအကြားတွင် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီးနောက် အင်္ဂါနေ့အစောပိုင်းတွင် သဘောတူညီမှု ရရှိခဲ့ပါတယ်။
ဖာနန်ဒက်ဇ်ဟာ အစောပိုင်းတုန်းက ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ကစားရေး စိတ်အားထက်သန်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဖူလ်ဟမ်နှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် လူစားဝင်ရောက်ကစားချိန်မှာ ပရိသတ်များရဲ့လှောင်ပြောင်မှုများနှင့် ကြုံခဲ့ရပါတယ်။
အသက် ၂၅ နှစ်ရှိ ဖာနန်ဒက်ဇ်ဟာ တနင်္ဂနွေနေ့တုန်းက ဘရိုက်တန်ကို ၄-၃ ဖြင့် အနိုင်ရတဲ့ပွဲနှင့် လူတန်အား ၂-၀ ဖြင့် အနိုင်ရတဲ့ ခါရာဘောင်ဖလားပွဲတို့တွင် လူစာရင်းမှာ မထည့်သွင်းရန် အလွန်ဆိုအား တောင်းဆိုခဲ့ပါတယ်။
မန်စီးတီးသို့ ပြောင်းရွှေ့သွားပြီးနောက် ဖာနန်ဒက်ဇ်က ချဲလ်ဆီးမှာ သူ့နှလုံးသားထဲတွင် အမြဲရှိနေမှာ ဖြစ်ပြီး ထွက်ခွာရေး ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ကြောင်း ဆိုသွားပါတယ်။
အာဂျင်တီးနားလက်ရွေးစင်ဟာ ချဲလ်ဆီးတွင် လက်တွဲခဲ့တဲ့ နည်းပြအန်ဇိုမာရက်စ်ကာနှင့် အီတီဟတ်တွင် ပြန်လည်လက်တွဲရပါမယ်။
ဖာနန်ဒက်ဇ်ဟာ ယခုနွေရာသီတွင် ပေါင်သန်း ၁၀၀ နှင့်အထက်ဖြင့် ခေါ်ယူခြင်းခံရတဲ့ စတုတ္ထမြောက်ကစားသမားဖြစ်လာပါတယ်။ ၎င်းမတိုင်မီ မော်ဂန်ရော်ဂျာ(ပေါင် ၁၁၇ သန်း)၊ ဘရက်ဒလေဘာကိုလာ(ပေါင် ၁၂၃ သန်း)၊ အင်ဒါဆင် (ပေါင်သန်း ၁၀၀)တို့ ဖြစ်ကြပါတယ်။

image