2 ပတ် - ဘာသာပြန်ပါ။

M League ပြိုင်ပွဲ ပွဲစဉ် (၁) တွင် ရန်ကုန်ယူနိုက်တက်၊ ရတနာပုံ၊ ဧရာဝတီယူနိုက်တက်နဲ့ ဒဂုံစ တားယူနိုက်တက်အသင်းတို့ နိုင်ပွဲကိုယ်စီ ရရှိထား

ယခု ၂၀၂၆-၂၀၂၇ ရာသီ M League ပြိုင်ပွဲ ပွဲစဉ် (၁) တွင် ရန်ကုန်ယူနိုက်တက်၊ ရတနာပုံ၊ ဧရာဝတီယူနိုက်တက်နဲ့ ဒဂုံစတားယူနိုက်တက်အသင်းတို့ နိုင်ပွဲကိုယ်စီ ရရှိထားကြောင်း သိရပါတယ်။
ယခုရာသီ M League ပြိုင်ပွဲ ပွဲစဉ် (၁) ကို ပြီးခဲ့တဲ့သြဂုတ် ၂၈၊ ၂၉၊ ၃၀ ရက် များက ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
ပွဲစဉ် (၁) တွင် ရန်ကုန်ယူနိုက်တက်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းကို (၂-ဝ) ဂိုး၊ ဒဂုံစတားယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို (၂-ဝ) ဂိုး၊ ရတနာပုံအသင်းက ချင်းလန့်အသင်းကို (၂-၁) ဂိုး၊ ဧရာဝတီယူနိုက်တက်အသင်းက ISPE အသင်းကို (၂-၁) ဂိုးတို့ဖြင့် အနိုင်ရှိခဲ့ကြောင်း သိရပါတယ်။
အခြားပွဲစဉ်များတွင် ရန်ကုန်စီးတီးအသင်းနဲ့ လက်ရှိချန်ပီယံ ရှမ်းယူနိုက် တက်အသင်းတို့မှာ (၂-၂) ဂိုးစီသရေ၊ သစ္စာအားမာန်အသင်းနဲ့ မြဝတီအသင်းတို့မှာ (၂-၂) ဂိုးစီ သရေကျခဲ့ကြောင်း သိရပါတယ်။
ပွဲစဉ် (၁) အပြီးတွင် ဒဂုံစတားယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်နဲ့ ရတနာပုံအသင်းတို့မှာ ရမှတ်သုံးမှတ်စီဖြင့် အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းနေရာတွင် အစဉ်လိုက်ရပ်တည်နေကြလျက် ရှိကြောင်း သိရပါတယ်။
ယင်းအသင်းလေးသင်းအောက်တွင် မြဝတီ၊ သစ္စာအားမာန်၊ ရန်ကုန်စီးတီး၊ ရှမ်းယူနိုက်တက် အသင်းလေးသင်းမှာ ရမှတ်တစ်မှတ်စီဖြင့် အဆင့် ၅၊ ၆၊ ၇၊ ၈ နေရာတို့တွင် အစဉ်လိုက်ရပ်တည် နေလျက်ရှိပါတယ်။
ISPE၊ ချင်းလန့်၊ ဟံသာဝတီယူနိုက်တက်နဲ့ စစ်ကိုင်းယူနိုက်တက်အသင်းတို့မှာမူ နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ်။
ပွဲစဉ် (၂) ကို စက်တင်ဘာ ၄၊ ၅၊ ၆ ရက်များတွင် ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။
ယခုရာသီ M League ပြိုင်ပွဲကို သြဂုတ် (၂၈) ရက်မှစပြီး နှစ်ကျော့စနစ်ဖြင့် ကျင်းပသွား မှာ ဖြစ်ပါတယ်။
ယခုရာသီ M League ပြိုင်ပွဲကို ရှမ်းယူနိုက်တက်က တောင်ကြီးမြို့ရှိ ပြည်နယ်ကွင်း၊ ရန်ကုန်ယူနိုက်တက်က ရန်ကုန်မြို့ရှိ YUSC ကွင်း၊ ရတနာပုံက မန္တလေးမြို့ရှိ ဗထူးကွင်း၊ ဧရာဝတီယူနိုက်တက်က ပုသိမ်မြို့ရှိ ကျောက်တိုင်ကွင်း၊ ဟံသာဝတီယူနိုက်တက်က ပဲခူးမြို့ရှိ Grand Royal ကွင်း၊ ရန်ကုန်စီးတီးက ရန်ကုန်မြို့ရှိ ပဒေသာကွင်း၊ ISPE က သန်လျင်သီဟဒီပကွင်းတို့တွင် အိမ်ကွင်းများအဖြစ် လက်ခံကျင်းပနေလျက်ရှိပါတယ်။

image