ဂျေးဇူးကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် အံ့အားသင့်မိတယ်လို့ ဟန်ဆီဖလစ်ခ် ပြောကြား
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ခ်က အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူးကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် အံ့အားသင့်မိကြောင်း ပြောခဲ့ပါတယ်။
၎င်းက ဂျေးဇူးဟာ အသင်းကစားပုံနဲ့ အံဝင်ခွင်ကျဖြစ်မယ်လို့ ယူဆကြောင်းလည်း မှတ်ချက်ပြုခဲ့ပါတယ်။
ဒါ့အပြင် ဂျေးဇူးကို ခေါ်ယူပေးတဲ့ အားကစားဒါရိုက်တာ ဒေကိုကိုလည်း ဟန်ဆီဖလစ်ခ်က ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
ဂျေးဇူးဟာ ဘာစီလိုနာအသင်းနဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ ယမန်နေ့က ဘာစီလိုနာကို ရောက်ရှိလာခဲ့ပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့ ဂျေးဇူးရဲ့ပြောင်းရွှေ့ကြေးအတွက် ကနဦး ယူရို ၁၀ သန်းနဲ့ Add-ons ကြေး ယူရို လေးသန်း
ပေးချေရမှာဖြစ်တယ်။
ဂျေးဇူး(၂၉ နှစ်)ဟာ ဘာစီလိုနာအသင်းနဲ့ နှစ်နှစ်စာချုပ် ချုပ်ဆိုမယ်လို့ သိရပါတယ်။
၎င်းဟာ ယမန်နေ့က ဗယ်လက်ကာနိုနဲ့ပွဲကိုလည်း နူးကမ့်ကွင်းအတွင်း လာရောက်ကြည့်ရှုခဲ့ပါတယ်။