2 ပတ် - ဘာသာပြန်ပါ။

ဟိန်းထက်အောင် မီလာကာအသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့် ရရှိနေ

ယခု ၂၀၂၆-၂၀၂၇ ရာသီ မလေးရှားစူပါလိဂ်ပြိုင်ပွဲဝင် မီလာကာအသင်းထံ သွားရောက်ကစားနေတဲ့
မြန်မာ့လက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမား ဟိန်းထက်အောင်ဟာ အသင်းတွင် ပုံမှန်ပွဲထွက်ကစားခွင့် ရရှိနေလျက်ရှိကြောင်းသိရပါတယ်။
မလေးရှားစူပါလိဂ်ကလပ် မီလာကာ အသင်းဟာ ရာသီကြို အပြောင်းအရွှေ့ကာလတွင် မြန်မာ့လက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမား ဟိန်းထက်အောင်ကို တစ်နှစ်စာချုပ်ဖြင့် ခေါ်ယူထားခြင်းဖြစ်ကြောင်း သိရပါတယ်။
မီလာကာအသင်းဟာ ယခုရာသီ မလေးရှားစူပါလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁) အဖြစ် ပြီးခဲ့တဲ့သြဂုတ် ၂၂ ရက်က တီရန်ဂါနူးအသင်းနဲ့ အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ကစားခဲ့ရာ (ဝ-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
မီလာကာအသင်းဟာ ယခုရာသီ မလေးရှားစူပါလိဂ်ပြိုင်ပွဲ ပွဲစဉ် (၂) အဖြစ် ပြီးခဲ့တဲ့သြဂုတ် ၃၀ ရက်က နီဂရီဆမ်ဘီလန်အသင်းနဲ့ အိမ်ကွင်းယှဉ်ပြိုင်ကစားခဲ့ရာ (၂-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။
မြန်မာ့လက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမား ဟိန်းထက်အောင်ဟာ မီလာကာအသင်းရဲ့ ယခုရာသီအစ ပွဲနှစ်ပွဲ စလုံးတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်က စားခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မီလာကာအသင်းဟာ ပွဲစဉ် (၂) အပြီးတွင် အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

image