8 ပတ် - ဘာသာပြန်ပါ။

ချယ်လ်ဆီးအသင်းက မူဒရစ်နဲ့ အာဒါရာဘိုင်အိုယိုကို ခေါ်ယူဖို့ စပါး သဘောတူညီမှုရရှိ

စပါးအသင်းဟာ ချယ်လ်ဆီးအသင်းက မူဒရစ်နဲ့ အာဒါရာဘိုင်အိုယိုတို့ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
မူဒရစ်ဟာ စပါးအသင်းထံ ကနဦးတစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ပြီး အပြီးသတ်ခေါ်ယူခွင့်ပါတဲ့အချက် ပါဝင်ပါလိမ့်မယ်။
အာဒါရာဘိုင်အိုယိုအတွက်တော့ ပြောင်းရွှေ့ကြေး ပေါင် ခုနစ်သန်းဝန်းကျင်နဲ့ ခေါ်ယူဖို့များပါတယ်။
ဒီအပြောင်းအရွှေ့တွေ ဖြစ်မြောက်ခဲ့ရင် စပါးအသင်းရဲ့ အခုနွေရာသီအသုံးစရိတ်ဟာ ပေါင် သန်း ၄၀၀ နားအထိ ရောက်ရှိ
ပါလိမ့်မယ်။
စပါးအသင်းဟာ ဂက်ပို၊ အန်ဒီယားယီတို့ကို မခေါ်ယူနိုင်ပြီးနောက် မူဒရစ်ဘက်ကို လှည့်လာခဲ့တာဖြစ်တယ်။
စပါးအသင်းနည်းပြ ဒီဇယ်ဘီဟာ ရှက်တာဒိုးနက်ကို ကိုင်တွယ်ခဲ့ချိန် မူဒရစ်နဲ့ လက်တွဲခဲ့ဖူးပါတယ်။

image