8 ပတ် - ဘာသာပြန်ပါ။

မြန်မာ ယူ-၂၀ အသင်းနည်းပြချုပ် ဂျပန်နိုင်ငံသားရုဂျီ မြန်မာ ယူ-၁၇ အသင်းကိုပါ ပူးတွဲကိုင်တွယ်မယ်

မြန်မာ ယူ-၂၀ အသင်းနည်းပြချုပ် ဖြစ်သူ အသက်(၄၇) နှစ်ရှိ ဂျပန်နိုင်ငံသား ရုဂျီဆူအိုကာဟာ နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိနေတဲ့ မြန်မာ ယူ-၁၇ အသင်းကိုပါ ပူးတွဲတာဝန်ယူကိုင်တွယ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ ဂျပန်နိုင်ငံသားနည်းပြ ရုဂျီဆူအိုကာကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီအတွင်းက မြန်မာ ယူ-၁၉ အသင်းအား ကိုင်တွယ်ရန် စတင်တာဝန်ပေးအပ်ထားခဲ့ခြင်းဖြစ်ပါတယ်။
ဂျပန်နည်းပြ ရုဂျီဟာ မြန်မာ ယူ -၁၉ အသင်းကို တာဝန်ယူပြီးနောက် ပထမဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် ပြီးခဲ့တဲ့ဇွန်လအတွင်းက ၂၀၂၆ အာဆီယံ ယူ-၁၉ ချန်ပီ ယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အုပ်စုအဆင့်မှ ထွက်ခဲ့ရပါတယ်။
ယင်းပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အသင်းဟာ အုပ်စုတွင်း၌ အင်ဒိုနီးရှားကို (ဝ-၃) ဂိုး၊ ဗီယက်နမ်ကို (ဝ-၅) ဂိုးတို့ဖြင့် ရှုံးနိမ့်ခဲ့ပြီး တီမောအသင်းကို (၃-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။
ဂျပန်နည်းပြ ရုဂျီဟာ ယင်းပြိုင်ပွဲမတိုင်မီ ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ ယူ-၂၂ အ သင်းတွင်လည်း လက်ထောက်နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ပါတယ်။
လက်ရှိတွင် ဂျပန်နည်းပြ ရုဂျီဟာ ၂၀၂၉ အာရှဖလား ယူ-၂၀ ပြိုင်ပွဲ ခြေစစ်ပွဲဝင်ရောက်ခွင့်အတွက် Development Phase ကို မြန်မာယူ-၂၀ အသင်းနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်နေလျက်ရှိပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ မြန်မာ ယူ-၂၀ အသင်းရဲ့ ၂၀၂၉ အာရှဖလား ယူ-၂၀ ပြိုင်ပွဲ ခြေစစ်ပွဲ ဝင်ရောက်ခွင့်အတွက် Development Phase အုပ်စုပွဲစဉ်များကို သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၆ ရက်အထိ ရန်ကုန်မြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေလျက်ရှိပါတယ်။
ဂျပန်နည်းပြ ရုဂျီဟာ မြန်မာ ယူ-၂၀ အသင်းရဲ့ အာရှဖလား ယူ-၂၀ ပြိုင်ပွဲ ခြေစစ် ပွဲဝင်ရောက်ခွင့်အတွက် Development Phase အုပ်စုပွဲစဉ်များအပြီးတွင် ယခုနှစ်အ တွင်း နိုင်ငံတကာပြိုင်ပွဲ နှစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိနေတဲ့ မြန်မာ ယူ-၁၇ အသင်းကို ဆက်လက်ကိုင်တွယ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာ ယူ-၁၇ အသင်းဟာ ဂျပန်ဖိတ်ခေါ်လူငယ်ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ နီဂါတာမြို့တွင် စက်တင်ဘာအတွင်း၊ ၂၀၂၇ အာရှဖလား ယူ-၁၇ ပြိုင်ပွဲ ခြေ စစ်ပွဲကို နိုဝင်ဘာအတွင်း ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

image