2 ရက် - ဘာသာပြန်ပါ။

မန္တလေးက ရွှေတချောင်းမြောင်းထဲမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာနဲ့ အမျိုးသား ရုပ်အလောင်းတွေ့

မန္တလေးမြို့က ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ် ကွက်၊ အကွက် ၄၀၆ B ၊ ၈၅ လမ်းနဲ့ ၈၆ လမ်းကြားက ရွှေတစ်ချောင်းမြောင်း အတွင်းကန်တော်ကြီးမီးပွိုင့်အနီးမှာ အသက် ၅၀ အရွယ် အမျိုးသားတဦးရဲ့ ရုပ်အလောင်းကို မနေ့ စက်တင် ဘာလ ၁ ရက်နေ့ မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
" ရုပ်အလောင်းက မျောလာပုံရတယ်၊ အမှိုက်တွေနားမှာ ပိတ်မိနေတော့ မြောင်းကူးတဲ့ တံတားအောက်နားမှာတွေ့တယ်၊ တဝမေတ္တာလူမှုကူညီရေးအသင်းက လာဆယ်သွားတယ်" လို့ အနီးတဝိုက်က ဒေသခံတဦးက ပြောပါတယ်။
အဲ့ဒီအမျိုးသားရဲ့ ရုပ်အလောင်းကို မနေ့ စက်တင်ဘာ ၁ ရက်နေ့မနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်က တွေ့ရှိခဲ့တာဖြစ်ပြီး ဦးခေါင်းမှာလည်း ပြင်ထန်ဒဏ်ရာတခုတွေ့ရှိခဲ့ကာ တဝမေတ္တာ လူမှုကူညီရေးအသင်းက ဆယ်ယူပြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီရုပ်အလောင်းဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို မန္တလေးတိုင်းရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် /မဟုတ် နဲ့ သေမှုသေခင်းဖွင့်ဖို့ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့ ကလည်း မန္တလေး ကန်တော်ကြီးရေစပ်အနီးမှာ သတ်လတ်ပိုင်းအရွယ် ပီနံအိတ်နဲ့ထုပ်ပြီး လာပစ်ခံထားရတဲ့ ဖြစ်စဥ်တခုလည်းရှိခဲ့ပါတယ်။

image