အာဂျင်တီးနားလက်ရွေးစင်ကစားသမားဘဝမှ လီယွန်နယ်မက်ဆီ အနားယူလာ
======================
အာဂျင်တီးနားဂန္ထဝင်လီယွန်နယ်မက်ဆီက လက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း ကြေညာလာခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၃၉ နှစ်ရှိ မက်ဆီဟာ အာဂျင်တီးနားကို ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင် အာဂျင်တီးနားအသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ အာဂျင်တီးနားအတွက် ပွဲအများဆုံးကစားထားသူအဖြစ်လည်းကောင်း၊ ဂိုးအများဆုံးသွင်းယူထားသူအဖြစ်လည်းကောင်း ရပ်တည်နေသူလည်း ဖြစ်ပါတယ်။
မက်ဆီက "အချိန်က တိုတောင်းလွန်းတယ်။ အခန်းတစ်ခန်း ပိတ်ရတော့မယ်။ ဒါက ကျွန်တော် အရမ်းနာကျင်ရတဲ့အရာပါ။ ကျွန်တော် ချစ်တယ်။ အရမ်းချစ်ခဲ့တယ်။ လက်ရွေးစင်အသင်းရဲ့အစိတ်အပိုင်းဖြစ်ခဲ့ရတာ အရမ်းသဘောကျခဲ့တယ်။ အားလုံးလည်းပေးခဲ့တယ်။ ဘာမှ ပေးစရာလည်း မကျန်တော့ဘူး။ တဖက်မှာ အရမ်း အခွင့်အရေးနဲ့ ထိုက်တန်တဲ့ ကြီးကျယ်တဲ့ လူငယ်တစ်ချို့လည်း ထွက်ပေါ်လာနေတယ်"လို့ ကြေညာသွားပါတယ်။
ဩဂုတ်လအစောပိုင်းတုန်းက မက်ဆီဟာ ဖခင်ဖြစ်သူဂျော့ နာမကျန်းဖြစ်မှုကြောင့် ကွယ်လွန်သွားပြီးနောက် ဘောလုံးဆက်ကစားရေး စဉ်းစားနေကြောင်း ဖွင့်ဟခဲ့ဖူးသူ ဖြစ်ပါတယ်။
မက်ဆီဟာ ၂၀၁၆ ခုနှစ်တုန်းကလည်း လက်ရွေးစင်ကစားသမားဘဝမှ အနားယူဖူးခဲ့ပြီး ပြန်လည်ကစားခဲ့ဖးပါတယ်။