ငသိုင်းချောင်းမြို့နယ်အတွင်း လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလေ-ာင်း ၂ ရက်အကြာတွင် ပြန်လည်ရှာဖွေတွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ ရွာသစ်ကုန်းတံတားအနီးတွင် လှေတိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ရေနစ်ပျေ-ာက်ဆုံးနေသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလေ-ာင်းကို ၂ ရက်အကြာတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း မြေပြင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၇ ရက် ည ၉ နာရီခန့်က ငါးသိုင်းချောင်းမြို့၊ ရွာသစ်ကုန်းတံတားအနီး၌ အမျိုးသား ၂ ဦး စီးနင်းလာသည့် လှေတစ်စီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ လှေမှောက်ချိန်တွင် အမျိုးသား ၁ ဦးမှာ လှေကို ဖက်တွယ်ထားနိုင်၍ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သော်လည်း ကျန် ၁ ဦးဖြစ်သည့် ငါးသိုင်းချောင်းမြို့ခံ ကိုကောင်းထက်ဇော် (ခ) ဖိုးထောင်သည် ရေထဲမျောပါသွားသည့် ဂစ်တာကို ဆယ်ယူရန် ကြိုးစားစဉ် ရေနစ်ပျေ-ာက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပျောက်ဆုံးသူအား မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့များက ဩဂုတ် ၂၈ ရက်အထိ လိုက်လံရှာဖွေခဲ့သော်လည်း ရေအလွန်နက်သည့်အတွက် ရှာဖွေရေးလုပ်ငန်းများ ခက်ခဲခဲ့သည်။ ထို့နောက် ဩဂုတ် ၂၉ ရက် နံနက် ၆ နာရီခန့်တွင် ပျေ-ာက်ဆုံးနေသူ၏ ရုပ်အလေ-ာင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ငါးသိုင်းချောင်း ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

image