ထားဝယ်မြို့၌ ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပခဲ့

ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာတစ်ခုဖြစ်သည့် ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ပုလဲဧကရီခန်းမတွင် (ဩဂုတ် ၂၉) နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါပွဲသို့ တိုင်းရင်းသားလူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံ ကရင်တိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကရင်ရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာကို စုပေါင်းဆင်နွှဲခဲ့ကြပြီး တက်ရောက်လာသူများအား ချည်ဖြူဖွဲ့ မင်္ဂလာပြုပေးခဲ့ကြသည်။

image