2 ပတ် - ဘာသာပြန်ပါ။

ပြည်တွင်းလိဂ် ဒုတိယရာသီဝက်နှင့် AWCL အုပ်စုအဆင့်အတွက် ဂျပန်ကလပ်များရှိ အဆင့်မြင့် ကစားသမားများ‌ ရှာဖွေခေါ်ယူမည်

ပြည်တွင်းလိဂ် ဒုတိယရာသီဝက်နှင့် AFC Women’s Champions League (AWCL) အုပ်စုအဆင့် ပွဲစဉ်များအတွက် အသင်းကို ပိုမိုတောင့်တင်းလာစေရန် ဂျပန်ကလပ်များရှိ အဆင့်မြင့် ကစားသမားများ‌ ရှာဖွေခေါ်ယူမည်ဖြစ်ကြောင်း၊ ကစားသမားသစ်များ ရှာဖွေခေါ်ယူနိုင်ရေးအတွက် ဧရာဝတီအမျိုးသမီးအသင်း နည်းပြ ကူမီကိုသည် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။
နည်းပြ ကူမီကိုသည် ဂျပန်နိုင်ငံတွင် ကလပ်အသင်းများ၊ ကစားသမားများနှင့် တိုက်ရိုက်တွေ့ဆုံကာ အသင်း၏ လိုအပ်ချက်နှင့် ကိုက်ညီမည့် အရည်အသွေးမြင့် ကစားသမားများကို ရွေးချယ်သွားမည်ဖြစ်သည်။
ပြီးခဲ့သည့် ပြိုင်ပွဲတွင် ဧရာဝတီအသင်း၌ လာရောက်ကစားခဲ့သည့် ဂျပန်ကစားသမား ၅ ဦးအနက် အချို့ သို့မဟုတ် အားလုံးကို AWCL အုပ်စုအဆင့်အတွက် ပြန်လည်ခေါ်ယူနိုင်ရေး သက်ဆိုင်ရာ ကလပ်များနှင့် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ပြီး အခက်အခဲရှိပါက နေရာလိုအပ်ချက်များအတွက် ကစားသမားသစ်များကို ထပ်မံရှာဖွေသွားမည်ဖြစ်သည်။
လာမည့် AWCL အုပ်စုအဆင့်တွင် အနည်းဆုံးတစ်ပွဲ အနိုင်ရရှိရန်နှင့် ပေးဂိုးနည်းပါးစေရန် ရည်မှန်းထားသလို လာမည့်နှစ် AWCL ပြိုင်ပွဲသို့ ထပ်မံဝင်ရောက်ခွင့်ရရေးအတွက် ပြည်တွင်းလိဂ် ချန်ပီယံဆုရရှိရန် အရေးကြီးကြောင်းလည်း နည်းပြ ကူမီကိုက ပြောကြားခဲ့သည်။
လက်ရှိတွင် အသင်း၌ ဒဏ်ရာရ ကစားသမားများရှိနေခြင်းနှင့် နိုင်ငံခြားသား ကစားသမားများ၏ စာချုပ်ကိစ္စ စိန်ခေါ်မှုများ ရှိနေသော်လည်း အနားယူကာလအတွင်း လက်ရှိကစားသမားများ၏ အရည်အသွေး တိုးတက်ရေးကို အထူးပြု လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ S

image