5 ရက် - ဘာသာပြန်ပါ။

၂၀၂၆-၂၀၂၇ ဘောလုံးရာသီအတွက် ရန်ကုန်စီးတီးအသင်း စပွန်ဆာကုမ္ပဏီ ၈ ခုနှင့် စာချုပ်ချုပ်ဆို

ရန်ကုန်စီးတီး ဘောလုံးအသင်း၏ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအတွက် စပွန်ဆာ ကုမ္ပဏီ ၈ ခုနှင့် စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ဩဂုတ် ၂၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ Mercure Hotel ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Main Sponsor အဖြစ် ရှမ်းပဲပုပ် Cooking Oil က ပါဝင်ပံ့ပိုးပေးပြီး Co-Sponsor အဖြစ် Essential Motor၊ Solution IV Hydration & Wellness Center၊ Golden Gate Global Myanmar Pte Co.,Ltd၊ HEY Play၊ Burma Beauty Aesthetic, Anti-Aging & Beauty Medical Center၊ KING Surgery Center နှင့် EGO SPORT THAILAND စသည့် ကုမ္ပဏီ ၈ ခုတို့နှင့် စပွန်ဆာ စာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်စီးတီး ဘောလုံးအသင်း ဥက္ကဋ္ဌ ဦးချစ်ကိုကို၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ မြန်မာနေရှင်နယ်လိဂ် ဒုတိယဥက္ကဋ္ဌ (၂) ဦးစိုးမိုးကျော်၊ စပွန်ဆာ လုပ်ငန်းရှင်များ၊ အသင်းကစားသမားများနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရန်ကုန်စီးတီးအသင်း ဥက္ကဋ္ဌ က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးက ဂုဏ်ပြုစကား ပြောကြားခဲ့ကာ စာချုပ်များ ရေးထိုးပြီးနောက် စပွန်ဆာများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

image