ဘောလုံးအသင်းများစုပေါင်း၍ ဧရာဝတီတိုင်း၏ ရေဘေးသင့်ဒေသများအတွက် အလှူငွေကျပ်သိန်း (၁,၀၀၀)လှူဒါန်း

ဘောလုံးအသင်းများစုပေါင်း၍ ဧရာဝတီတိုင်း၏ ရေဘေးသင့်ဒေသများအတွက် အလှူငွေကျပ်သိန်း (၁,၀၀၀)ကို ယနေ့ သြဂုတ် ၃၀ ရက်တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ်ထံပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြန်မာ‌နေရှင်နယ်လိဂ် ဥက္ကဋ္ဌ၊ ရှမ်းယူနိုက်တက်‌ဘောလုံးအသင်း၊ ဧရာဝတီယူနိုက်တက်အမျိုးသမီး‌ဘောလုံးအသင်း၊ ရန်ကုန်ယူနိုက်တက်‌ဘောလုံးအသင်း၊ ရတနာပုံ FC ဘောလုံးအသင်း၊ မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းများ၊ မြန်မာ့လက်ရွေးစင်ကစားသမားများနှင့် M League တို့က စုပေါင်းလှူဒါန်းခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ အလှူငွေကျပ်သိန်း(၁,၀၀၀)ကို ဧရာဝတီတိုင်းဝန်ကြီးချုပ်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

image