10 နာရီ - ဘာသာပြန်ပါ။

လေးမျက်နှာမြို့နယ်ရေဘေးအတွက် သဲဖြူဆရာတော်ကြီး၏အလှူတော်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဥ်၌ ဒေသခံများနည်းတူ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများလည်း ရေဘေးသင့်ခဲ့ရသည်။
ထို့ကြောင့် ရေဘေးသင့်ခဲ့ရသည့် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ရေဘေးသင့်သူများကို သဲဖြူဆရာတော်ကြီးက ယနေ့ သြဂုတ် ၃၀ ရက်တွင် ဟင်္သာတမြို့နယ်၊ လဟာပကျေးရွာဘုန်းတော်ကြီးကျောင်းတိုက်တွင် ပရိတ်တရားတော်ချီးမြှင့်ပြီး လှူဖွယ်ပစ္စည်းများကိုလှူဒါန်းထောက်ပံ့ခဲ့သည်။
သဲဖြူဆရာတော်ကြီးက အန္တရာယ်ကင်းပရိတ်တရားတော်နှင့် ဩဝါဒကထာများကိုချီးမြှင့်ပြီးနောက် ဆရာတော်ကြီးနှင့် တပည့်ဒါယိကာ၊ ဒါယကာမများက လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်များ၊ ရေဘေးသင့်သူများကို လှူဖွယ်ပ စ္စည်းများနှင့် ထောက်ပံပစ္စည်းများကိုလှူဒါန်းထောက်ပံ့ပေးခဲ့ကြသည်။

image