၂၀၂၇ ခုနှစ် မတ်လကုန်၌ အလုံးစုံပြီးစီးမည့် မန္တလေး -နေပြည်တော်ရထားလမ်းပိုင်းပေါ်မှ စမုံတံတားသစ်

မန္တလေး-နေပြည်တော် ရထားလမ်းပိုင်း၏ တံတားအမှတ်(၆၉၁)စမုံချောင်းတံတားသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီးရေကြီးရေလျှံရာမှပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည်။
ထို့ကြောင့် အရှည်(၃၆၄ ဒသမ ၁၇)ပေရှိ ကြိုတင်အားဖြည့် သံကူကွန်ကရစ်တံတားအဖြစ်အသစ်ပြန်လည်တည်ဆောက်လျက်ရှိရာ လက်ရှိအချိန်၌ (၆၅)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကာ ၂၀၂၇ ခုနှစ် မတ်လကုန်တွင် တံတားနှင့် ချဉ်းကပ်ရထားလမ်းများအားလုံးပြီးစီးမည်ဖြစ်ပြီး အစုန်၊ အဆန် ရထားများပြေးဆွဲနိုင်မည်ဖြစ်သည်။
အဆိုပါ တံတားသစ်တည်ဆောက်နေမှုကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးက သြဂုတ် ၃၀ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ချဉ်းကပ်ရထားလမ်းများအား တံတားနှင့်တစ်ပြိုင်တည်းပြီးစီးရေးဆောင်ရွက်ရန်၊ ချောင်းကမ်းပါးနံရံများပြိုကျပိတ်ဆို့မှုမရှိစေရေး မြေထိန်းနံရံများ ဆက်လက်ဆောင်ရွက်ရန်၊ ရေလမ်းကြောင်းကောင်းမွန်စေရေး စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့သည်။

image