ရုံးလုပ်ငန်းသုံးမြန်မာစာ လေ့လာလိုသူများအတွက် ရန်ကုန်အဝေးသင်တက္ကသိုလ်က သင်တန်းသား ၁၀၀ ဦး လက်ခံသင်ကြားမည်
ရန်ကုန်၊ ဩဂုတ် ၂၉
ရုံးလုပ်ငန်းများတွင် မြန်မာစာ မှန်ကန်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် မြန်မာစာဌာနက ဦးစီးဖွင့်လှစ်မည့် အပတ်စဉ် (၃) ရုံးလုပ်ငန်းသုံး မြန်မာစာသင်တန်းအတွက် ဝင်ခွင့်လျှောက်လွှာများကို စက်တင်ဘာ ၂ ရက်မှ စတင်လက်ခံသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းကို အောက်တိုဘာ ၂၀ ရက်မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁၉ ရက်အထိ သုံးလကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား ၁၀၀ ဦးအထိ လက်ခံသွားမည်ဖြစ်သည်။
တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပြီး လျှောက်လွှာနှင့်အတူ မှတ်ပုံတင်မိတ္တူနှင့် တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်မိတ္တူတို့ တင်ပြရမည်ဖြစ်သည်။
လျှောက်လွှာများကို စက်တင်ဘာ ၂ ရက်မှ အောက်တိုဘာ ၁ ရက်အထိ လက်ခံမည်ဖြစ်ပြီး ကျောင်းအပ်လက်ခံမည့် ကာလမှာ အောက်တိုဘာ ၅ ရက်မှ ၁၆ ရက်အထိ ဖြစ်သည်။ သင်တန်းလျှောက်လွှာတင်ခြင်းနှင့် ကျောင်းအပ်ခြင်းများကို myan.hrd.yude.edu.mm ဝက်ဘ်ဆိုက်မှတစ်ဆင့် အွန်လိုင်းဖြင့် လျှောက်ထားနိုင်ပြီး အသေးစိတ်ကို ဖုန်း ၀၉-၈၉၁၇၄၁၃၉၀၊ ၀၁-၇၅၁၂၈၆၃ နှင့် ၀၉-၆၈၃၅၅၈၆၅၅ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။