15 နာရီ - ဘာသာပြန်ပါ။

ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌအား မြန်မာအနုညာတခုံသမာဓိများအဖွဲ့က ပထမဦးဆုံးဂုဏ်ထူးဆောင်နာယကချီးမြှင့်အပ်နှင်း

ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌဦးဌေးအောင်အား မြန်မာအနုညာတခုံသမာဓိများအဖွဲ့က ပထမဦးဆုံးဂုဏ်ထူး ဆောင်နာယက အဖြစ် ယနေ့ သြဂုတ် ၂၉ ရက်နံနက်ပိုင်းကကျင်းပသည့် အဖွဲ့၏ပထမအကြိမ်နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

မြန်မာအနုညာတခုံသမာဓိများအဖွဲ့ ဥက္ကဋ္ဌ(သဘာပတိ) ဝဏ္ဏကျော်ထင်ဒေါက်တာမောင်မောင်သိမ်းက ရန်ကုန် တိုင်းလွှတ်တော်ဥက္ကဋ္ဌအား ဂုဏ်ထူးဆောင် နာယက ရာထူးအဆောင်အယောင်အားချီးမြှင့်အပ်နှင်းပြီးနောက် နာယက ကအမှတ်တရဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

image